Quantcast
Channel: MrDBA Blog
Viewing all 154 articles
Browse latest View live

နားနားနေနေ..ခြံစိုက်နေ

$
0
0

ခေါင်းစဉ်က ဆွဲဆောင်မှုရှိအောင်သာ တပ်ရတာ ရေးမှာကတော့ ဟိုရောက်ဒီရောက်ပါဘဲ။ ပြီးခဲ့တဲ့ တနလာင်္နေ့က စပြီး ဖျားလိုက်တာဟာ ဗုဒ္ဓဟူးနေ့ည ရောက်မှဘဲ သိသိသာသာ သက်သာသွားပါတယ်။ ဒါတောင် ဗုဒ္ဓဟူးနေ့က ရုံးသွားလိုက်သေးတယ်။ ရုံးရောက်တော့ လူကဟန်ပုံမပေါ်တာကို မန်နေဂျာတွေက သိတာကြောင့် ပြန်နားလိုက်ပါဆိုတာနဲ့ အခွင့်အရေးရတုန်း ပြန်လစ်လာခဲ့ပါတယ်။ ကြာသာပတေး သောကြာကိုတော့ ပြန်ကောင်းလာမယ် မျှော်မှန်းပြီးတော့ ဆေးခန်းမပြတော့ဘဲ ခွင့်ကြိုယူလာလိုက်ပါတယ်။ ဒီလိုနဲ့ဘဲ တစ်ပါတ်လုံး အိမ်တွင်းအောင်းရတဲ့ အဖြစ် ရောက်ပါလေရောလား။

ရာသီဥတုကလဲ ပူတော့ ညညဆို အိပ်မပျော်ပါဘူး။ လူကလဲပူနေ အဲယားကွန်းကလဲ ဖွင့်လို့မဖြစ်နဲ့ ချွေးတွေပြန်ပြီး ဘယ်လိုမှ အိပ်မပျော်ပါဘူး။ ညဆို ကုတင်မှာလှဲပြီး ဘေးစောင်းလေး ဘေးက ကွန်ပျုတာမှာ ရုပ်ရှင်ဖွင့်ပြီး ကြည့်ပါတယ်။ တားမယ့်လူကြီးလဲ မရှိတော့ မိုက်တာလဲပါပါတယ်။ မဒမ်ကတော့ ရုံးတက်ရမှာဆိုတော့ ကျွန်တော့်ကို ထိုင်ကြည့်မနေနီုင်ပါဘူး။ အိပ်ပျော်သွားပါတယ်။ ညမအိပ်တော့ နေ့အိပ်သလား ဆိုတော့လဲ မအိပ်ပါဘူး။ မနက်ကို နောက်ကျမှထပြီး စားစရာရှိတာလေးစား၊ ဆေးလေးသောက်ပြီး၊ ရုပ်ရှင်ဒေါင်းလုဒ်လုပ် ကြည့်နဲ့ ပျင်းလာရင် စာအုပ်ဖတ်လိုက် အဲဒီလိုနဲ့ နေ့တွေကုန်သွားတာပါဘဲ။

ဒါနဲ့ တခြားလုပ်ဖြစ်တာက Face Book မှာ မာဖီးယား သေသေချာချာဇွဲနဲ့ ထိုင်ကစားဖြစ်သွားတယ်။ ပိုက်ဆံတွေလဲ ရတာ သောက်သောက်လဲ၊ လူကလောဘတောင်တက်လာတယ်။ တကယ်ပြောတာ။ အဆော့ကောင်းလို့ ဘလော့တောင် မရေးနိုင်ဘူး။ အစကစိတ်ကူးတာက အိမ်မှာ နားနားနေနေ ရှိတုန်း ဘလော့လေးဘာလေး ခပ်စိပ်စိပ်ရေးမယ်ပေါ့။ ဘယ်ကလာ အချိန်တောင်မလောက်ဘူး။ ခုတစ်လော လူတွေ Face Book မှာ မာဖီးယား သိပ်ဆော့ကြတယ်ထင်တယ်၊ တခါတရံ Face Book တောင် Error တက်ချင်ချင်ဖြစ်လာတယ်။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေတင်မက ဖိုရမ်က အဖွဲ့တွေပါ မာဖီးယားထဲရောက်နေလို့ အစည်းအဝေးတောင် Face Book မှာလုပ်လိုက်ရသေးတယ်။

ကျူဘားမှာသွားပြီး လူချလိုက်၊ အလုပ်ကလေးလုပ်လိုက်၊ ကျမ်းမာရေးမကောင်းတော့ရင် နယူးယောက်ပြန်လာ ဆေးကုလိုက်နဲ့ ဟန်တွေကိုကျလို့။ မာဖီးယားရောဂါကလဲ ဘလော့ရောဂါလိုဘဲ ဖြစ်လာဦးမယ်ထင်ပါရဲ့။ ဂိမ်းကစားတာတောင်မှ အစပိုင်းက လူမချချင်သေးဘူး။ ကိုယ့်ရှိသလောက် အင်အားလေးနဲ့ အလုပ်ကလေးတနိုင်လုပ် ရသလောက်ကလေးနဲ့ လုပ်ငန်းလေးတွေနယ်ချဲ့နဲ့ ဒီလိုနေတုန်း ကိုယ်ကသာ လူမချချင်တာ မာဖီးယားတောထဲ သူတော်ကောင်း သွားလုပ်နေလို့မှ မရဘဲဗျ။ ဟိုကဒီကနေ လာလာပြီး ဆော်ပလော်တီးသွားကြတယ်၊ ဓါးပြတိုက်သွားကြတယ်၊ ရှိတာလေးတွေ ကုန်ကုန်သွားပါရောလား၊ ဒါနဲ့ဘဲ မဖြစ်ချေဘူးဆိုပြီး လူချတတ်အောင် ကြိုးစားရတော့တယ်၊ ဓါးပြလား တိုက်တတ်သွားပြီ။ အစကတော့ သနားတာပေါ့လေ သူ့စီးပွားလေး ပျက်သွားပြီလို့ စာတန်းကလဲ ထိုးထိုးပြနေတော့ ကိုယ့်မှာ ဆော့နေတာတောင်မှ သနားနေရသေးတယ်။ ခုတော့ ကိုယ့်ကို လာမလုပ်နိုင်အောင်ပြင်ဆင်ထားပြီးတော့ ရိုးရိုးသားသား (အဲလေ မာဖီးယားပါဆိုမှ ရိုးသားလို့ရမလား) ဒုစရိုက်အလုပ်ကလေးဘဲ လုပ်နေတော့တယ်။

ခုတော့ တစ်မျိုးပြောင်းကစားနေတယ်ဗျ။ အခု ခြံစိုက်စားနေတယ်။ စတော်ဘယ်ရီသီးလေးတွေစိုက် ခရမ်းသီးလေးတွေစိုက် သီးလာရင် စျေးသွားရောင်း အခင်းပြန်ပျိုး အပင်ပြန်စိုက်နဲ့၊ ငြိမ်းချမ်းတယ်မောင်။ အဟုတ်။ မာဖီးယား ကစားတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတယ်။ ဟိုဖက်မှာက ရောက်တာနဲ့ ဘယ်သူတီးသွားလဲ စစ်ရတယ်၊ ဝင်ငွေစစ်ရတယ်၊ ကိုယ်မနိုင်တဲ့လူ ရှိလာရင် လူငှားနဲ့ ပြန်ဆော်ရသေးတယ်၊ မကောင်းပါဘူး။ ခြံကလေးစိုက်စားနေရတာ ကစားနေရင်းတောင် အပြင်မှာ ခြံစိုက်စားခြင်စိိတ်ပေါက်လာတယ်။ တကယ်ရယ်

မနက်ဖြန်တော့ အိမ်လဲ ပြောင်းရပြန်ဦးတော့မှာမို့ အိမ်ကလဲ ရှင်းရသေးတယ်။ နေမကောင်းလို့ အိမ်ရှိနေတာ မဒမ်ကအကြိုက်ဘဲ ကျွန်တော့်မှာ တစ်နေ့နဲနဲချင်း ပစ္စည်းစုရတယ်၊ အိမ်ရှင်းရတယ်။ ချွေးဆိုတာ ခဏခဏထွက်နေတာမို့ လူကအားပြန်ပြည့်လာတယ်လို့ မရှိဘူး။ နေမကောင်းဖြစ်တော့ ဒီကဟာတွေ မစားချင်ပြန်ဘူးဖြစ်လာတယ်။ အဲဒါနဲ့ စိတ်ကူးမရတိိုင်း ခေါက်ဆွဲချည်း ပြုတ်ပြုတ်စားနေတာ အားကဘယ်ပြန်ပြည့်မလဲ။ မဒမ်ကလဲ ရုံးသွားရသေးတော့ သူ့ကိုလဲ ဘာချက်ပါညာချက်ပါ မပူဆာချင်ဘူး။ အိမ်ကလဲပြောင်းတော့မှာ ဆိုပြီး အသားငါး များများစားစား ဝယ်မထားတော့ စားစရာမရှိ။ သူတောင် အိမ်ကပို့ထားတာလေးနဲ့ ရုံးကို ထည့်ထည့်နေတာဆိုတော့ ကိုယ်လဲ ငတ်ပြီပေါ့။ အခုတော့ အိမ်လဲ သိမ်းပြီး၊ နလံထကို စီးတီးဟောကဝယ်လာတဲ့ ငါးပိရည်ကြိုပြီးသားနဲ့ လဘက်နဲ့ ထမင်းနယ်တယ်၊ ကြက်ဥကြော်နဲ့ ပူပူလေးစားပြီး ဒီတပါတ်အတွက် အသစ်မျှော်နေသူများကို ချွေးသိပ်လိုက်ရပါပေတယ်။ မိတ်ဆွေများ ကျမ်းမာချမ်းသာကြပါစေ။ (မာဖီးယားဆော့ကြရင် ကျွန်တော့်ကို ဖိတ်နော်…နော်)


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 37 comments | Add to del.icio.us | Share on Facebook
Post tags: , ,


အိမ်ခန်းငှားစားကြမလား

$
0
0

စင်ကာပူရောက်တာ သုံးနှစ်အတွင်းမှာ အိမ်သုံးကြိမ် ပြောင်းပြီးတဲ့ အခါမှာတော့ စင်ကာပူရဲ့ အိမ်စျေးကွက်ကို လေ့လာမိပြီးသား ဖြစ်သွားပါတယ်။ တကယ်မှာတော့ နောက်တောင်ကျနေတယ်လို့ ပြောလို့ရတဲ့ အခြေအနေပါ။ အခုဆိုရင် စင်ကာပူမှာ အိမ်ခန်းငှားချင်ရင် လွယ်ကူလာပြီလို့ ပြောလို့ရတဲ့ အနေအထားပါ။ ယခင်ကာလတွေတုန်းကဆိုလျှင် တစ်အိမ်လုံး ငှားချင်လျှင်သာ သတင်းစာမှာရှာ အေးဂျင့်ဖုန်းကိုခေါ် စသဖြင့် လွယ်ကူပေမယ့် ကိုယ့်ဗမာ အချင်းချင်းနေနိုင်ဖို့၊ သူများအိမ်မှာ တစ်ခန်းငှားနေဖို့ ဆိုတာတွေအတွက် တော်တော်ကိုချိတ်ဆက်ယူရပါတယ်။ ခင်မင်သူအချင်းချင်း သတင်းပေး ရှာဖွေပေးမှသာ ပိုနေတဲ့လူနဲ့ လိုနေတဲ့လူတွေ အချင်းချင်း ချိတ်မိကြပါတယ်။

အခုတော့ အင်မတန်လွယ်ကူသွားပါပြီ။ စီးတီးဟောက ဗမာဆိုင်တွေမှာ အခမဲ့ အခန်းကြော်ငြာတွေ ကပ်လို့ရတယ်၊ စာအုပ်အလွတ်တွေ ချပေးထားတယ်၊ အဲဒီမှာ ပိုနေတဲ့လူတွေက အခန်းငှားလိုကြောင်း ကြော်ငြာကပ်ထားနိုင်ပါတယ်၊ အခန်းလိုနေတဲ့ လူတွေကလည်း အဲဒီကြော်ငြာတွေ သွားဖတ်လို့ ကိုယ်နေလို့တဲ့ နေရာကို စိတ်ကြိုက်ရှာနိုင်ပါတယ်။ နောက်ပြီးတော့ myanmarroom.com လို၊ shweroom.com လို ဗမာ Web Site တွေ ပေါ်ပေါက်လာတဲ့အတွက် အခန်းပိုနေသူတွေ ကြော်ငြာ အလကားထည့်နိုင်ပါတယ်။

အဲဒီလို အခန်းငှားကြတယ်ဆိုတဲ့ စျေးကွက်ပေါ်ပေါက်လာတာက အစပိုင်းကတော့ စင်ကာပူမှာ အလုပ်လာရှာပြီး အမြဲတမ်းနေထိုင်ဖို့လိုလာတော့ ခင်ရာမင်ရာ သူငယ်ချင်းများနဲ့ စုပြီး Flat တစ်ခုလုံးကို စင်ကာပူအေးဂျင့်ဆီကနေ ငှားပြီးတော့ နေထိုင်ကြပါတယ်။ နောက်တော့ လူတွေက အလုပ်အကိုင်တွေပြောင်းရွှေ့၊ အလုပ်နဲ့နီးတဲ့နေရာတွေမှာ ထပ်မံငှားရမ်းလို့ နေဖို့ဖြစ်လာတော့ Flat တစ်ခုလုံး ငှားပြီးနေရင် အခန်းတွေ ပိုနေတဲ့အတွက်၊ ပိုနေတဲ့ အခန်းတွေအတွက် စရိတ်ကာမိအောင် ပြန်ပြီးစရိတ်မျှကြတဲ့ သဘောလောက်ပါဘဲ။ ယခင်ကတော့ အခန်းဆိုတာ ပိုနေတာလို့ ပြောလို့ရပါတယ်။ ယခုကာလကတော့ အခန်းဆိုတာ အမြဲတမ်းလိုနေတာလို့ ပြောလို့ရတဲ့ အချိန်ကိုရောက်နေပါပြီ။

စီးပွားမကောင်းလို့ ဗမာပြည်ကလူတွေ အလုပ်လာမရှာဘူးလို့ မထင်ပါနဲ့၊ ကိုယ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းလောက်သာ မလာနဲ့ဦးလို့ ပြောထားပေမယ့် တချို့လဲ အခုထက်ထိ တဖွဲဖွဲလာနေတုန်းပါဘဲ။ တချို့ဒီမှာရှိတဲ့ မိတ်ဆွေများဆီကလဲ သူတို့ရဲ့ အပေါင်းအသင်းများ လာရောက်အလုပ်အကိုင်ရှာနေတဲ့ သတင်းတွေ နေ့တိုင်းကြားနေရတာပါဘဲ။ အလုပ်လဲ ရတဲ့လူလဲ ရနေကြတာပါဘဲ။ အဲဒီလို အလုပ်လာရှာတဲ့ လူတွေများလေလေ အိမ်ခန်းငှားတဲ့ စျေးကွက်ဟာ ကြီးထွားလာလေလေဖြစ်ပါတယ်။

စျေးကွက်ထဲမှာ အိမ်ခန်းငှားခဟာ ပုံသေနီးပါးလောက် ငြိမ်သက်ပါတယ်။ ဆိုလိုတာက Flat တစ်ခုလုံးငှားစျေး မဟုတ်ဘဲ တခန်းချင်းစီပြန်ငှားကြတဲ့ စျေးနှုန်းကို ပြောတာပါ။ ပျမ်းမျှအားဖြင့် အခန်းတစ်ခန်းမှာ လူသုံးယောက်အတူတူနေရမယ် အင်တာနက်အပါအဝင်၊ရေမီးအပြီးအစီး Air Con သုံးနိုင်တယ်ဆိုရင် စင်ကာပူဒေါ်လာ တစ်ဦးလျှင် တစ်လကို ၃ဝဝ ကနေ ၃၃ဝ အထိစျေးရှိပါတယ်။ တစ်ခန်းကို လူနှစ်ယောက်နေရမှာဖြစ်ပြီးတော့ အင်တာနက်အပါအဝင်၊ ရေမီးအပြီးအစီး Air Con သုံးနိုင်တယ်ဆိုရင် စင်ကာပူဒေါ်လာ တစ်ဦးလျှင်တစ်လကို ၃၅ဝ ကနေ၃၈ဝ အထိစျေးရှိပါတယ်။ အဲဒါတွေက Common ခန်းလို့ခေါ်တဲ့ ရေချိုးခန်း အိမ်သာတွဲလျက်မပါတဲ့ အခန်းမျိုးတွေရဲ့ ပေါက်စျေးပါ။ Master Room လို့ခေါ်တဲ့ ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အခန်းမျိုးမှာ နေမယ်ဆိုရင်တော့ နောက်ထပ် ၂ဝ ကနေ ၃ဝ လောက်အထိ ထပ်မံစျေးပိုပေးရတတ်ပါတယ်။ တချို့အိမ်တွေမှာ အင်တာနက်ကို အလကားပေးသုံးပါတယ်လို့ ပြောထားတဲ့အတွက် အင်တာနက်မသုံးလဲ ဒီစျေးပါဘဲ။ တချို့အိမ်မှာတော့ အင်တာနက်မသုံးဘူးဆိုလျှင် စင်ကာပူ ၁၅ ဒေါ်လာကနေ ၂ဝဒေါ်လာလောက်အထိ စျေးလျှော့ပေးပါတယ်။

ရေဖိုးမီးဖိုးအပြီးအစီးလို့ ပြောထားတဲ့ အိမ်တချို့မှာ ရေသုံးတာ၊ အဝတ်လျှော်တာ၊ မီးသုံးတာ၊ ချက်တာပြုတ်တာ၊ Air Con သုံးတာတွေကို လိုက်လံထိမ်းချုပ်မှုတချို့ ရှိပေမယ့်၊ တချို့အိမ်တွေမှာတော့ အမှန်တကယ် ကျနိုင်မယ့် Bill ကိုမှန်းထားပြီးသားဖြစ်နေလို့ ထူးပြီး မထိမ်းချုပ်ပါဘူး။ အဲဒီလို ထိမ်းချုပ်မှု မလုပ်လိုတဲ့ အိမ်တွေမှာကျတော့ အိမ်ခန်းငှားခကို ရေဖိုးမီးဖိုးမပါ စျေးတစ်မျိုးနဲ့ ပြောကြပါတယ်။ စျေးကတော့ ၃ဝ ကနေ၅ဝလောက်အထိ လျှော့နည်းသွားနိုင်ပါတယ်။ ရေဖိုးမီးဖိုးကို Pub Bill လာမှ လူရှိသလောက်နဲ့ တွက်ချက်ပြီး ပြန်မျှလို့ပေးရမှာပါ။ များသောအားဖြင့် ရေဖိုးမီးဖိုးကလဲ ၃ဝကနေ ၅ဝလောက်အထိဘဲ ကျနိုင်ပါတယ်။ ဒါကြောင့်မို့ ရေမီးအပြီးအစီးဆိုတာရဲ့နောက်မှာ ထိမ်းချုပ်မှုဆိုတာ ပါလာတတ်လို့ တချို့က ရေမီးအပြီးဆိုတာထက် ပြီးမှ ပြန်မျှရမယ်ဆိုတာကို ပိုကြိုက်သလို တချို့ကလဲ စရိတ်ငြိမ်းအပြီးအစီးဆိုတာကို နှစ်သက်ကြပါတယ်။ တစ်ချို့ကလဲ တစ်ခန်းမှာ သုံးယောက်နေရတာကို စျေးသက်သာလို့ သဘောကျပေမယ့် တစ်ချိုကတော့ အေးအေးလူလူ နှစ်ယောက်ထဲ နေရတာကိုနှစ်သက်ကြပါတယ်။ ဒါတွေက အိမ်ငှားတွေဘက်ကနေ ကြည့်ပြီးပြောပြတာပါ။

အိမ်ရှင်တွေဘက်က ကြည့်မယ်ဆိုလျှင်တော့ ဟိုးအရင်က စျေးကွက်မရှိခင်ကတော့ တစ်အိမ်လုံးငှားထားရငွေကိုလိုက်လို့ အိမ်ရှိသမျှလူနဲ့ ပြန်မျှပြီးစျေးတောင်းကြပါတယ်။ အကုန်လုံးမျှရတဲ့ သဘောပေါ့။ Pub Bill မျှရမယ်၊ အင်တာနက်၊ အိမ်ဖိုး အားလုံး ညီတူညီမျှပေးရတာပါ။ နောက်ပိုင်းစျေးကွက်ရှိလာတော့ စျေးကွက်မှာတောင်းတဲ့ စျေးအတိုင်းလိုက်တောင်းနိုင်ကြတော့ အိမ်ငှားတွေဘက်မှာလဲ သက်သာသွားသလို အိမ်ကိုဦးစီးပြီးငှားလိုက်တဲ့လူတွေဖက်မှာလဲ စျေးသက်သာသွားပါတယ်။ အဲဒီလိုငှားကြတယ်ဆိုတဲ့နေရာမှာ အခန်းနဲ့တဲ့ အိမ်တွေကို ငှားလိုက်ရင်တော့ မကိုက်ပါဘူး။ စင်ကာပူမှာ Flat ငှားရင် အခန်းများလေး စျေးတန်လေပါဘဲ။ ဥပမာ၊ ၂+၁ လို့ခေါ်တဲ့ အိပ်ခန်းနှစ်ခန်းဘဲ ပါတဲ့ အိမ်ကိုလောလောဆယ်ပေါက်စျေး ၁၄ဝဝ ကနေ ၁၅ဝဝ ပေးနေရတဲ့ အချိန်မှာ အိပ်ခန်းသုံးခန်းပါတဲ့ Flat ကိုငှားမယ်ဆိုရင် ၁၇ဝဝ ကနေ ၁၈ဝဝ ကြားမှာ ရနိုင်ပါတယ်။ အိပ်ခန်းလေးခန်းလောက်ပါတဲ့ Flat ကိုငှားမယ်ဆိုရင် ၂ဝဝဝ ကနေ ၂၂ဝဝ ကြားမှာရနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေချည်း စုနေကြတဲ့အဖွဲ့တွေဆို အခုလို သုံးခန်း လေးခန်းပါတဲ့ အိမ်ကိုငှားမှ စျေးသက်သာပါတယ်။

သူငယ်ချင်းတွေချည်း စုငှားနေကြတာမဟုတ်ဘဲ တစ်ဦးက ဦးဆောင်ပြီး တစ်အိမ်လုံးငှားလိုက်တယ် နောက်ပြီးမှ လူငှားထပ်ရှာတဲ့ လူတွေလဲ ကိုက်ကြပါတယ်။ ဥပမာ အခန်းသုံးခန်းပါတဲ့ အိမ်ဆိုပါတော့၊ ကျန်တဲ့နှစ်ခန်းကို အငှားချမယ်ဆိုလျှင်၊ မာစတာအခန်းကို အိမ်ရှင်တွေ အမြဲနေကြပါတယ်။ ပိုတဲ့ common ခန်းတွေကို အငှားချပါမယ်။ တစ်ခန်းကို သုံးယောက်နဲ့ နှစ်ခန်း အငှားချလိုက်ရင် တစ်ဦးလျှင် ၃၃ဝနဲ့ နှစ်ခန်းဆိုတော့ ၁၉၈ဝ ရပါမယ်၊ အိမ်ငှားထားတာက ၁၈ဝဝ ဆိုပါစို့၊ Pub ဖိုးက ၃ဝဝလို့ထား၊ အင်တာနက်ကို ပုံမှန်ဆိုလျှင် ၆ဝ တန်ဆိုရပြီ။ မြန်နှုန်းမြင့်ကိုယူမယ်ဆိုမှ ၉ဝလောက်ကျတယ်။ ဆိုတော့ အိမ်လခ ရေဖိုးမီးဖိုး အင်တာနက်ဖိုးအပါအဝင် ၂၂ဝဝ ကျတယ်ထား၊ အိမ်ငှားတွေဆီက ပြန်ရတာက ၁၉၈ဝဆိုတော့ အိမ်သူကြီးက လိုတဲ့ ၂၂ဝဘဲ ပေးစရာလိုပါတော့တယ်။ လူတွေနဲ့နေတတ်ဖို့ဘဲ လိုပါတယ်။ မကိုက်လား။ (မှတ်ချက် လူပြည့်နေဖို့လိုပါတယ်။ လူဆင်းသွားတဲ့ လမှာတော့ သူကလိုသမျှ စိုက်နေရမှာ ဖြစ်ပါတယ်။) ဒါကြောင့် အခန်းများလေ ကိုက်လေဖြစ်ပါတယ်။ လူတွေတော့ ရှုတ်တာပေါ့လေ။ အခုနက တစ်ခန်းသုံးယောက်နှုန်းနဲ့တွက်တာပါ။ တစ်ခန်းမှာ နှစ်ယောက်နှုန်းဘဲ နေကြမယ်ဆိုရင်တော့ အိမ်သူကြီးအတွက် သိပ်မကိုက်ပါဘူး။ သို့သော် အပြင်ပေါက်စျေးနဲ့ ချိန်ကြည့်ရင်တော့ သူလဲ သူများအိမ်မှာ မာစတာခန်းသွားငှားနေရင် ပေးရမယ့် နှုန်းထားလောက်ဘဲ ကျသင့်တာဖြစ်တဲ့အတွက် မဆိုးဘူးလို့ ပြောလို့ ရပါသေးတယ်။ အေးဂျင့်ဆီက အိမ်ငှားခစျေးသက်သာလေ အိမ်သူကြီးအတွက် ကိုက်လေ ဖြစ်မှာပါ။ ဒါကြောင့် တချို့အိမ်တွေမှာ ဝရန်တာလိုနေရာမျိုးမှာပါ အလုပ်လာရှာတဲ့ လူလိုမျိုး ယာယီနေတဲ့လူတွေကို အငှားချပါသေးတယ်။ (ပိုပြီးခွက်ကျတဲ့ အိမ်တွေမှာ စတိုခန်းကျယ်ကျယ်လဲ ပါသေးတယ်ဆိုရင် စတိုခန်းမှာပါ ပန်ကာပေးထားပြီး လူငှားချပါသေးတယ်။)

အိမ်သူကြီးဖက်က ဘာတွေနစ်နာထားသေးလဲ ဆိုတော့ အိမ်ကိုစငှားတုန်းက အေးဂျင့်ဖိုးကို သူကပေးလိုက်ရပါတယ်။ နောက်မှလာမယ့် အိမ်ငှားတွေက အဲဒီအဖိုးအခကို ကုန်စရာမရှိတော့ပါဘူး။ ဒါကြောင့်တချို့က အိမ်ကိုဦးဆောင်မငှားလိုဘဲ အိမ်ငှားအဖြစ်နဲ့ဘဲ နေချင်ကြပါတယ်။ အိမ်သူကြီးအနေနဲ့ အိမ်ရှင်ဆီမှာ တစ်လစာ Deposit ဆိုတာပေးထားရပါသေးတယ်၊ အဲဒီ Deposit ဆိုတာက အိမ်ပြန်အပ်တော့မယ်ဆိုရင် အိမ်ရှင်ရဲ့ပြူးပြဲကြည့်ပြီး သူ့အိမ်ကို ဝယ်စတုန်းကအတိုင်း အသစ်ပြန်ဖြစ်လိုမှုနဲ့ ပြင်ဆင်ရန်အလို့ငှာဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဖြတ်တောက်လိုက်တဲ့အခါ Deposit ရဲ့တစ်ဝက်လောက် ပြန်ရရင် တော်တော်ကံကောင်းနေပါပြီ။ အခန်းကိုပြန်ငှားတဲ့ လူတွေကလည်း အိမ်သူကြီးတွေဆီမှာ တစ်လစာ Deposit ဆိုပြီးပေးရပါသေးတယ်။ ဒါပေမယ့် အိမ်ကဆင်းတော့မယ်ဆိုရင် တစ်လကြိုပြောပြီးဆင်းမယ်ဆိုရင် Deposit ကိုအပြည့်ပြန်ပေးရပါတယ်။ အိမ်ကလည်း ပြန်မအပ်သေးဘူးဆိုရင် အိမ်ပေါ်ကဆင်းသွားမယ့်လူဟာ အင်မတန်တန်ပါတယ်။ အိမ်သူကြီးအနေနဲ့ အိမ်ရှင်ဆီကနေ Deposit အပြည့်ပြန်မရမယ့် အချိန်မှာ သူက အိမ်သူကြီးဆီကနေ အပြည့်ပြန်ရနိုင်လို့ပါဘဲ။ (ဒါတောင် တစ်ချို့ အိမ်သူကြီးတွေက Deposit တစ်ဝက်ကြိုတင်ဖြတ်ထား တတ်တယ်လို့လဲ ကြားဖူးပါတယ်။ များသောအားဖြင့်တော့ ကြိုပြောရင် အကုန်ပြန်အမ်းရပါတယ်။) အကိုက်ဆုံးကတော့ JTC ကအခန်းရရင် အဲဒီကယူပြီး ပြန်အငှားချတာပါဘဲ။ ပရိဘောဂတွေ ဝယ်ထည့်ရတာက အေးဂျင့်ကို တစ်လစာပေးလိုက်ရသလောက်တောင် မကျပါဘူး။ နောက်ပြီးတော့ အနဲဆုံး ၂နှစ်တော့ တည်ငြိမ်ပါတယ်။ သူက သုံးခန်းပါတဲ့ အိမ်မှ ၁၄ဝဝ လောက်ကျတာဆိုတော့ အများကြီး သက်သာသွားမှာပါ။ လေးခန်းပါတဲ့ အိမ်ဆို ၁၆ဝဝ လောက်ဘဲရှိတော့ ပိုကိုက်ပါတယ်။

အခုဆက်ပြောမှာက စီးပွားဖြစ် အိမ်ငှားစားကြမယ့် အကြောင်းပါ။ အပေါ်မှာ ပြောပြခဲ့သလို အိမ်သူကြီးလုပ်တဲ့လူတွေအနေနဲ့ အမြတ်အများကြီး မကျန်ပေမယ့် အပြင်ပေါက်စျေးထက် သက်သာနိုင်သလို တချို့ထူးပြီးမသက်သာပါဘူး။ နေရာအနေအထား၊ လူအနဲအများ၊ အိမ်စျေးကိုလိုက်လို့ပေါ့။ အဲဒီစျေးကွက်ကို ကြိုမြင်တဲ့ စီးပွားရေးမျက်စိရှိတဲ့ အနေကြာသူများက အိမ်တွေကို နေရာစုံမှာ လိုက်ငှားထားပြီး ဗမာစျေးကွက်မှာ ပြန်အငှားချပါတယ်။ အိမ်သူကြီးနဲ့ အတူမနေရဘူးဆိုတဲ့ အချက်ကလဲ အိမ်ငှားတွေကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒီလို အိမ်ငှားစားနေတဲ့ အိမ်မှာနေရမယ်ဆိုရင် ဘယ်လိုမှ နှစ်ယောက်တစ်ခန်း နေဖို့မဖြစ်နိုင်ပါဘူး။

အပိုင်း(၂)


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 22 comments | Add to del.icio.us | Share on Facebook
Post tags: ,

အိမ်ခန်းငှားစားကြမလား (၂)

$
0
0

စီးပွားဖြစ် အိမ်ခန်း ငှားစားနေတဲ့ အသိုင်းအဝိုင်း သီးသန့်ရှိပါတယ်။ သူတို့မှာ အိမ်လေးငါးလုံးလောက် စင်ကာပူလူမျိုး အိမ်ရှင်တွေဆီကနေ ငှားထားကြပါတယ်။ ပြီးတော့မှ myanmarroom.com မှာဖြစ်ဖြစ် စီးတီးဟောက ဗမာဆိုင်တွေမှာ ကြော်ငြာလို့ ဖြစ်ဖြစ် အငှားပြန်ချကြပါတယ်။ များသောအားဖြင့် တစ်ခန်းကို သုံးယောက်နေကြရတာများပါတယ်။ တချို့အိမ်ရှင်တွေက တပါတ်လျှင်တစ်ကြိမ် သူ့စရိတ်နဲ့သူ အိမ်သန့်ရှင်းရေးလုပ်ဖို့ လူလွှတ်ပြီး အိမ်လာရှင်းပေးပါသေးတယ်။ တချို့ကတော့ အဲဒီဝန်ဆောင်မှုမပါပါဘူး။ ထုံးစံအတိုင်း အိမ်ငှားတွေကဘဲ အပါတ်စဉ် အလှည့်ကျ အိမ်သန့်ရှင်းရေးလုပ်ရပါတယ်။ တချို့ဆို ကွန်ဒိုကအခန်းတွေပါ ငှားထားပြီး အငှားပြန်ချကြပါတယ်။

ဈေးများများနဲ့ မိထားတဲ့အိမ်၊ နေရာထိုင်ခင်းကောင်းတဲ့အိမ်၊ ရထားဘူတာနီးပြီး ဈေး၊ စားသောက်ဆိုင် စတာတွေနဲ့ပါနီးတဲ့ အိမ်မျိုးဆိုလျှင် လူနဲနဲကျပ်တတ်ပါတယ်။ ငှားထားရတဲ့ဈေးကကို များနေတဲ့အတွက် ကိုက်အောင် လူကိုများများတင်ရတဲ့ သဘောပါ။ တချို့အိမ်မျိုးမှာဆိုရင် ထမင်းစားခန်းလိုဖွဲ့လို့ရတဲ့ အခန်းမှာပါ လိုက်ကာ ကာထားပြီး လူနှစ်ယောက်သွင်းပါသေးတယ်။ သူတို့ကျတော့ Air Con မပါဘူးပေါ့။ အဲဒီအတွက် ပန်ကာထားပေးထားပြီး သူတို့ကိုတော့ Air Con မပါတဲ့ ဈေးတစ်မျိုးနဲ့ ယူတတ်ပါတယ်။ ဈေးတစ်မျိုးဆိုပေမယ့်လဲ အနဲဆုံးကတော့ စင်ကာပူဒေါ်လာ ၃၀၀ လောက်ပေးရတာပါဘဲ။ အိမ်တွေက ကျယ်တဲ့အတွက် ဝရန်တာလိုမျိုးနေရာမှာပါ တစ်ယောက်အိပ်ကုတင်တစ်လုံး အေးအေးဆေးဆေး ချထားလို့ရတဲ့အတွက် အဲဒီနေရာမှာပါ လူတစ်ယောက်ထားပါသေးတယ်။

တချို့ကတော့ ကိုယ်တိုင်လဲ အိမ်အငှားပွဲစားပါ တစ်ခါထဲလုပ်ကြပါတယ်။ ကိုယ့်လက်ကအိမ်အတွက် ကိုယ်တိုင်လူရှာသလို သူများမှာ ရှိနေတဲ့အခန်းအတွက်ပါ လူရှာပေးကြပါတယ်။  အခုနောက်ပိုင်း အလုပ်အကိုင်ပါးရှားမှုကြောင့် လူတွေလျှော့တဲ့အထဲ ပါကုန်ကြတဲ့လူတွေ ရှိလာတာကြောင့် အလုပ်အကိုင်ထပ်ရှာလို့မရတဲ့လူတွေအတွက် ပြည်တော်ပြန်ခရီးတွေ ရှိလာတဲ့အခါ၊ အိမ်တွေမှာ နေရာလွတ်တွေ ထပ်ရှိလာပြန်ပါတယ်။ တချို့ဆိုရင် လူပြန်မရမှာစိုးရိမ်ရတဲ့ အတွက် စပေါ်တောင်မတောင်းတော့တဲ့ အိမ်သူကြီးတွေ ရှိလာပါတယ်။ တချို့ကလဲဒီက တရားဝင်နာမည်ရ အိမ်ခြံမြေ အကျိုးတော်ဆောင် ကုပ္မဏီတွေမှာ အလုပ်ဝင်လုပ်ရင်း ဗမာအသိုင်းအဝိုင်းအတွက် ရောင်း/ဝယ်/ငှား သီးသန့် ဝန်ဆောင်မှုတွေပေးတဲ့ လူတွေလဲရှိလာပါပြီ။ နောင်ဆိုရင် ဗမာပြည်က အိမ်ပွဲစားတွေ စင်ကာပူမှာများ အလုပ်လာလုပ်နိုင်ကြမလား တွေးကြည့်မိပါတယ်။

လောကမှာ အကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေသလိုပါဘဲ။ အိမ်သူကြီးများရဲ့အနေအထားဟာလဲ အမြဲတမ်း အမြတ်ရပြီး ကောင်းနေကြတာ မဟုတ်ပါဘူး။ လူဆင်းသွားမှာ စိုးရိမ်တတ်တဲ့ အိမ်သူကြီးများက အိမ်ငှားများကို တည့်အောင်၊ ကျေနပ်အောင် ပေါင်းနေကြရတဲ့ လူတွေလဲ အများကြီးရှိပါတယ်။ ကိုယ့်နာမည်နဲ့ စာချုပ်ပြီး ငှားထားတဲ့ အိမ်ဖြစ်တဲ့အတွက် ရဲမှုရဲခင်းနဲ့ ပါတ်သက်လာရင် ရင်ဆိုင်ဖြေရှင်းရမှာက နာမည်ခံထားတဲ့ အိမ်သူကြီးပါ။ ယောကျာ်းလေးတွေချည်းနေတဲ့ အိမ်ဆို ပိုပြီး သတိထားရပါတယ်။ သောက်စားပျော်ပါးပြီး ဆူညံပွက်လောရိုက်နေလို့ ဘေးနီးနားက အခန်းတွေက ရဲကိုလှမ်းတိုင်လို့ အမှုအခင်းဖြစ်ရင် နာမည်ခံပြီး ငှားထားတဲ့ အိမ်သူကြီးကသာလျှင် အရင်ဆုံးဖြေရှင်းရတာပါ။ နောက်ပြီးတော့ အိမ်ရှင်ဆီကို အိမ်လခ မှန်မှန်ပို့နိုင်ဖို့ Pub Bill မှန်မှန်ဆောင်နိုင်ဖို့ စတဲ့ကိစ္စတွေမှာလဲ အိမ်သူကြီးကသာလျှင် ဝီရိယစိုက်ထုပ်ရပါတယ်။ တချို့များ လစာထွက်နောက်ကျလို့ပါဆိုပြီး အိမ်လခပေးတာ နောက်ကျလို့ရှိရင် အိမ်သူကြီးခမျာမယ် အိပ်စိုက်ထားရတာပါဘဲ။ လစဉ်မှန်မှန်ပေးရတဲ့ အိမ်လခကို မတောင်းရင် မပေးသေးတဲ့ အိမ်ငှားမျိုးနဲ့ ကြုံရပြန်ရင်လဲ အိမ်သူကြီးခမျာမှာ အမုန်းခံပြီး တောင်းနေရတော့တာပါဘဲ။

တချို့လဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသိုလ်အဖြစ်ခံပြီး မေ့ချင်ရောင်ဆောင်နေတတ်တဲ့ အိမ်ငှားမျိုးတွေလည်း ရှိနေတတ်ပါသေးတယ်။ ချက်ပြုတ်စားသောက်ပြီး ဆေးကျောဖို့မေ့သွားတတ်တာ၊ စားလက်စပန်းကန်တွေ မဆေးဘဲ မေ့နေခဲ့တာ၊ အိမ်သန့်ရှင်းရေးလုပ်ရမယ့် ကိုယ့်အလှည့်နေ့မှာ သူငယ်ချင်းအိမ် သွားအိပ်ပြီး အိမ်သန့်ရှင်းရေး စတေးရှောင်တတ်ကြတာ၊ စတဲ့ တစ်ကိုယ်ရည် သိတတ်မှုအသိတရား နည်းပါးကြတဲ့ အိမ်ငှားမျိုးတွေ ပါလာပြန်ရင် အိမ်သူကြီးခမျာမှာ မပြောချင်လျှင် ကိုယ်တိုင်ရှင်းဖို့သာ ရှိပါတော့တယ်။ ရေချိုးဖို့အသွားမှာ သတိတရဖွင့်ရတဲ့ ရေပူပေးစက်ကို ရေချိုးပြီးတဲ့ အခါမှာမေ့ထားခဲ့တတ်ကြတဲ့ အိမ်ငှားမျိုးတွေလဲ ရှိပါသေးတယ်။ မီးဖွင့်မှ မြင်ရမယ့် ရေချိုးခန်းကို ရေချိုးအပြီးမှာ မီးပြန်ပိတ်ဖို့မေ့ခဲ့တတ်တာကတော့ အထူးအဆန်းမဟုတ်လောက်တော့ပါဘူး။ အဆိုးဆုံးကတော့ အိမ်ကနေ အလုပ်အသွားမှာ နောက်ဆုံးထွက်ခွာရသူက အိမ်တံခါးသော့ခတ်ဖို့မေ့ပြီး ထွက်သွားမှာကိုပါဘဲ။

မည်သို့ပင်ဆိုစေကာမူ ပြင်ပမှာ အမြဲနာမည်ကြီးတတ်တာကတော့ အိမ်သူကြီးမကောင်းကြောင်းတွေဖြစ်လို့၊ ဇတ်လမ်းတွေက အမျိုးမျိုးမရိုးနိုင်အောင်ဘဲ ရှိလို့နေပါတယ်။ ကပ်စေးနဲလွန်းတဲ့ အိမ်သူကြီးမျိုး၊ အစစအရာရာ မျက်စိဒေါက်ထောက် လိုက်ကြည့်နေတတ်တဲ့ အိမ်သူကြီးမျိုး၊ တဗျစ်တောက်တောက်ပြောနေတတ်တဲ့ အိမ်သူကြီးမျိုး၊ အရှင်လုပ်ထားတဲ့ ခန်းဆီးလိုက်ကာတန်းတစ်ချောင်း ခန်းဆီးဆွဲရင်း ပြုတ်ကျသွားတဲ့အတွက် အလျှော်တောင်းတဲ့ အိမ်သူကြီးမျိုး အမျိုးမျိုး မရိုးနိုင်အောင် ကြားရတတ်ပါတယ်။ ဗမာအိမ်သူကြီးဖြစ်ပြီးတော့ တရုတ်အိမ်လို ကျင့်ကြံချင်သူများလဲ ရှိပါသေးတယ်။ ဟင်းကို နှစ်ခွက်ထက်ပိုမချက်ရ၊ တစ်ပါတ်မှာ တစ်ကြိမ်ထက်ပိုပြီး အဝတ်မလျှော်ရ၊ နေ့တိုင်းဟင်းမချက်ရ စသဖြင့် အထူးစီမံတွက်ချက်ထားတဲ့ စည်းကမ်းများကိုလဲ ချတတ်ပါသေးသတဲ့။ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို (၁း၆) ၁ အချိုး ၆၊ လူ၆ယောက်ရှိလျင် တစ်ယောက်သာ အိမ်သူကြီးဖြစ်နိုင်တာဆိုတော့ နာမည်ထွက်တာက အိမ်သူကြီးသာ ဖြစ်လို့နေတတ်ပါတယ်။

တကယ်မှာတော့ နှစ်ဦးနှစ်ဖက် မျှမျှတတတွေးတော တတ်ဖို့တော့လိုပါမယ်။ အိမ်သူကြီးဆိုးတဲ့လူနဲ့တွေ့လာတဲ့ အိမ်ငှားကလဲ နောက်အိမ်ရောက်တော့ ကိုယ့်ကိုအနိုင်မကျင့်ရဲအောင် ကြိုတင်အပေါ်စီးက နေကြတဲ့လူတွေလည်း ရှိပါတယ်။ အိမ်ငှား နှိပ်စက်တာကို ကြုံခဲ့ဖူးတဲ့ အိမ်သူကြီးကြတော့လဲ အတွေ့အကြုံအရ ဘယ်လိုတင်းကျပ်ထားမှ အလုပ်ဖြစ်တော့မယ်ဆိုပြီး တွေးမိကြတာဆိုတော့ သူသူကိုယ်ကိုယ် အပြစ်တော့မဆိုသာပါဘူး။

အဲဒီလို ဗမာအိမ်ငှားရပ်ကွက်က သတင်းတွေကိုကြောက်လို့ အေးအေးလူလူနေချင်ကြသူတွေက တရုတ်အိမ်၊ ဒါမှမဟုတ် တခြားနိုင်ငံခြားသားနဲ့ တွဲနေကြတဲ့သူတွေ ရှိပါတယ်။ ဗမာပွဲစားတွေထဲမှာလဲ အဲဒီလို တရုတ်အိမ်ကိုမှ ငှားပေးတဲ့ ဗမာအိမ်လုံးဝမကိုင်တဲ့ အိမ်ပွဲစားတွေလဲ သီးသန့်ရှိပါတယ်။ အဲဒီလို နိုင်ငံခြားသားနဲ့ နေမယ်ဆိုရင် ချက်ပြုတ်မစားချင်တဲ့ ယောကျာ်းလေးတွေဘဲ အဆင်ပြေတတ်ပါတယ်။ ချက်ပြုတ်စားဖို့လိုတဲ့၊ ချက်ပြုတ်စားမှ အာသာပြေတဲ့ ဗမာတွေအတွက်တော့ အဆင်မပြေလှပါဘူး။ အငှားဈေးနှုန်းကတော့ အံ့သြလောက်စရာကောင်းအောင် သက်သာပါတယ်။ Master Room ကို ပုံမှန်ဗမာဈေးကွက်မှာ ရေမီးအပြီးအစီး ၈၀၀ လောက်ပေးနေရချိန်မှာ တရုတ်အိမ်မှာ နေလျင် ၅၀၀/ ၆၀၀ လောက်နဲ့ရတတ်ပါတယ်။ Common ခန်းဆိုလျှင်တော့ ၄၀၀ လောက်နဲ့ရနိုင်ပါတယ်။ သူတို့နဲ့နေရင်တော့ Lite Cooking ဘဲလုပ်ခွင့်ရမှာပါ။ Lite Cooking ဆိုတာက ညှော်မလုပ်တဲ့ ရိုးရိုးဟင်းချက်ပုံစံလို့ မထင်လိုက်ပါနဲ့၊ ခေါက်ဆွဲပြုတ်လောက်၊ အပြင်ကဝယ်လာတဲ့ဟင်းကို အပူပြန်ပေးရုံလောက်ကိုသာ ပြောတာပါ။ မိန်းခလေးတစ်ချို့လဲ အဲဒီလို တရုတ်အိမ်မှာ ပေါင်းပြီးနေဖူးကြသူတွေရှိပါတယ်။ များသော အားဖြင့် မိန်းခလေးဆိုလျှင်နေဖို့ အဆင်မပြေတာ များပါတယ်။ ချောင်းကြည့်ခံရတာတို့ စူးစိုက်ကြည့်ကြတာတို့၊ အိပ်ခန်းတံခါးလာခေါက်တတ်တာတို့ စတဲ့ ဇတ်လမ်းတွေကလဲ တိုးတိုးတိတ်တိတ် ပျံ့လွင့်လို့နေပါတယ်။

 (ဆက်ပါဦးမယ်…)

အပိုင်း(၁)

အပိုင်း(၃)


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 26 comments | Add to del.icio.us | Share on Facebook
Post tags: ,

နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ရပါတယ်

$
0
0

စင်ကာပူနိုင်ငံ ဗုဒ္ဓဂယာ သုခါရာမကျောင်း (ဘွန်လေး ဘုန်းကြီးကျောင်း) တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စတုတ္ထအကြိမ်မြောက်အဖြစ် ဝါဆိုလပြည့်ကျော်(၆)ရက် ၁၂-၇-၂၀၀၉ (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် သဒ္ဓါကြည်လင် ပါရမီ့ရှင်များ ဝါဆိုသင်္ကန်းများ ကြည်ညိုဆက်ကပ်လှူဒါန်းနိုင်ရန်နှင့် ဝါဆိုသင်္ကန်းအနုမောဒနာတရားများ နာယူနိုင်ကြစေရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ခင်ဗျား။

အခမ်းအနား အစီအစဉ်ကိုတော့ မနက်တစ်ကြိမ် ညနေတစ်ကြိမ်အနေနဲ့ နှစ်ကြိမ်ခွဲပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မနက်ပိုင်း အခမ်းအနားမှာတော့ နေ့လည်(၁)နာရီမှာ ရေစက်ချ တရားနာနိုင်မှာဖြစ်ပြီးတော့ ညနေပိုင်း အစီအစဉ်အနေဖြင့် ညနေ(၅)နာရီတွင် ရေစက်ချတရား နာယူနိုင်မှာဖြစ်ပါတယ်။

မနက်ပိုင်းအစီအစဉ်တွင် ဓမ္မမိတ်ဆွေများ စုပေါင်းပြီး သံဃာတော်များအား နေ့ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းကြမှာ ဖြစ်ပြီးတော့ ကြွရောက်လာကြကုန်သော ဓမ္မမိတ်ဆွေများကို ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ညနေပိုင်း အစီအစဉ်မှာတော့ ကြွရောက်လာတဲ့ ပရိတ်သတ်များကို ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းလိုသူများ အနေနဲ့ အောက်ပါ လှူဒါန်းဖွယ်ရာများနဲ့ ကြည်ညိုဆက်ကပ် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ခင်ဗျား။

အလှူတော် မင်္ဂလာ ဖိတ်စာကိုတော့ ဒီနေရာမှ ဒေါင်းလုဒ်လုပ်ယူ ကြည့်ရှုနိုင်ကြပါတယ်။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 22 comments | Add to del.icio.us | Share on Facebook
Post tags: , ,

အိမ်ခန်းငှားစားကြမလား (၃)

$
0
0

"ကျွန်မတို့လဲ အစကပွဲစားပြောတော့ မိန်းခလေးတွေချည်းဘဲ လက်ရှိနေနေကြတယ် တစ်ခန်းလွတ်သေးတယ် ဆိုတာနဲ့ မိန်းခလေးအချင်းချင်းဘဲ ဆိုပြီး နေလိုက်တာ၊ နောက်တော့မှ သူတို့က ရုံးပိတ်ရက်ဆို သူတို့သူငယ်ချင်းတွေနဲ့ အိမ်မှာစုပြီး မာဂျောင်းကစားကြတယ်၊ ဆေးလိပ်ဆိုတာလဲ သောက်လိုက်တာ မိုးမွှန်နေတာဘဲ။ ပြီးတော့ ဆူညံပွက်လောရိုက်နေကြတာဘဲ၊ အဲဒါနဲ့ မနေနိုင်လို့ သုံးလလောက်နေတော့ အိမ်ပြောင်းရတာပါဘဲ" လူမျိုးခြား မိန်းခလေးများနှင့်တွဲနေဖူးသော ကျောင်းသူတစ်ဦးမှ သူ့တို့အတွေ့အကြုံကို ပြောပြသွားပါတယ်။

"ကျွန်တော်ကတော့ အတွေ့အကြုံရအောင်ဆိုပြီး စင်ကာပူလူမျိုး တရုတ်အိမ်မှာ တစ်ခါနေကြည့်ဖူးပါတယ်။ အိမ်ကတော့ အကျယ်ကြီးဘဲခင်ဗျ။ တစ်အိမ်လုံးမှာ အိမ်ရှင်ရဲ့သားတစ်ယောက်ထဲနေတယ်။ ချက်ပြုတ်စားတာကလဲ လွတ်လွတ်လပ်လပ် ချက်လို့ရတယ်ဆိုတာနဲ့ နေကြည့်ပါတယ်။ ဈေးကတော့ အတော်သက်သာပါတယ်။ common ခန်းမှာ ကျွန်တော်တို့ လင်မယားနှစ်ယောက်နေတယ်ပေါ့ဗျာ။ မာစတာခန်းမှာတော့ အိမ်ရှင်ရဲ့သားတစ်ယောက်ထဲနေတယ်။ ပြီးတော့ သူက ညဖက်အလုပ်ဆင်းရတဲ့လူဆိုတော့ ကျွန်တော်တို့နဲ့ သိပ်မဆုံဖြစ်ပါဘူး။ သူကညနေ ၇ နာရီလောက်ဆို ရုံးသွားပြီးတော့ မနက်စောစောမှ ပြန်ရောက်တတ်တယ်။ အစပိုင်းတော့ တော်တော်အဆင်ပြေပါတယ်ဗျာ နောက်ပိုင်းကြတော့ ကျွန်တော့အမျိုးသမီးချက်ပြုတ်တာနဲ့ ကြုံသွားရင် သူက အနံ့မခံနိုင်သလိုလို မကြိုက်သလို အမူအရာတွေ ပြပြလာတယ်၊ နောက်ဆို သူ့အမေကို လှမ်းတိုင်တော့တာပါဘဲဗျာ။ သူ့အမေကတော့ တော်တော်ဆက်ဆံရေးကောင်းတဲ့ အဖွားကြီးပါဗျာ။ ကျွန်တော်တို့ကိုတောင် ပြန်ပြီးတောင်းပန်ပါသေးတယ်၊ သူ့သားဟာ အနံ့နဲ့ပါတ်သက်ရင် တော်တော်နူးညံ့ကြောင်း အနံ့သိပ်ပြင်းပြင်းကြီးတွေဆိုရင် မခံနိုင်ကြောင်း ရှင်းပြပါတယ်။ ကျွန်တော်တို့လဲဗျာ တစ်အိမ်ထဲနေကြတာ တစ်ယောက်လုပ်တာ တစ်ယောက်မကြိုက်တဲ့ အမူအရာတွေ ပြလာနေတော့ အဖွားကြီးက ဘယ်လောက်ကောင်းကောင်း အိမ်မှာနေရတာ မလွတ်လပ်တော့သလို ဖြစ်လာတာပေါ့။ ချက်ပြုတ်ပြီးရင် ပန်ကာတွေ ဖွင့်ထားရတယ်၊ လေသန့်ဆေးဗူးတွေ မှုတ်ထားရတယ်နဲ့ တော်တော် အနေကျပ်လာတယ်ဗျ။ ဒီလိုနဲ့ နောက်ဆုံး စိတ်ကျဉ်းကျပ်လာတဲ့အချိန်  အိမ်ပြောင်းတော့မယ်လို့ စဉ်းစားနေတုန်း အိမ်ရှင်ကဘဲ အိမ်ပြောင်းပေးဖို့ တောင်းပန်စကားဆိုလာပြီး အိမ်ရှာခအေးဂျင့်ဖိုးပါ သူပေးပါမယ်လို့ ဆိုလာပါတယ်။ နောက်ဆုံးတော့ အေးဂျင့်ဖိုး အိမ်လခတစ်လစာကို သူကပေးတဲ့အပြင် အိမ်ပြောင်းတဲ့နေ့မှာပါ သူ့အိမ်ကကားနဲ့ လိုက်ပြောင်းပေးတော့တာပါဘဲဗျာ။" စင်ကာပူလူမျိုး တရုတ်တစ်ယောက်ရဲ့အိမ်မှာ နေခဲ့ဖူးသူ တစ်ယောက်မှလဲ သူရဲ့အတွ့အကြုံကို ယခုလိုပြောပြပေးသွားပါတယ်။ တချို့လဲ နှစ်တွေများလာတဲ့အထိ အဆင်ပြေပြေနဲ့ နေနိုင်ကြတဲ့ လူတွေလဲ ရှိကြပါတယ်။ မချက်မပြုတ်ဘဲ သူတို့လို ဆိုင်မှာစားနိုင်မယ်ဆိုရင်တော့ တရုတ်အိမ်ဟာ နေလို့အကောင်းဆုံးအိမ်ဖြစ်နိုင်ပါတယ်။

တရုတ်အိမ်တွေဟာ များသောအားဖြင့်တော့ အဖိုးကြီး အဖွားကြီးတွေချည်း နှစ်ယောက်ထဲ နေတဲ့အိမ် ဖြစ်တတ်တာ များပါတယ်။ တခါတရံ အိမ်ရှင်က ခရီးခဏခဏထွက်နေရတဲ့လူမျိုး ဖြစ်နေရင်တော့ နေရထိုင်ရတာ လွတ်လွတ်လပ်လပ်ရှိပါတယ်။ တချို့လဲ ကိုယ့်လိုဘဲ တစ်အိမ်လုံးငှားပြီးမှ လူငှားပြန်ရှာပြီး စရိတ်မျှခံချင်ကြတဲ့ တရုတ်ပြည်မကြီးက လာနေတဲ့ တရုတ်တွေ၊ မလေးကအလုပ်လာလုပ်တဲ့လူတွေ နဲ့လဲကြုံရတတ်ပါတယ်။

တခါတလေမှာ တရုတ်အိမ်ရယ်လို့ ရွေးချယ်ခွင့်မရဘဲ အလုပ်နဲ့နီးတဲ့အိမ်ဟာ အိန္ဒိယအိမ်ပိုင်ရှင်ဖြစ်နေရင်လဲ အဲဒီအိန္ဒိယအိမ်ပိုင်ရှင်နဲ့ နေဖြစ်သွားတဲ့အခြေအနေတွေ ရှိပါတယ်။ "ကျွန်မလေ မနှစ်ကပေါ့၊ ဈေးလဲသက်သာ အလုပ်လဲသွားရတာ အဆင်ပြေ၊ တစ်ယောက်ထဲလဲ လွတ်လွတ်လပ်လပ်နေချင်တာနဲ့ အိန္ဒိယ သားအမိနှစ်ယောက်တည်းရှိတဲ့ အိမ်မှာ common ခန်းတစ်ခန်းငှားနေတာ၊ အစပိုင်း သုံးလေးလတော့ အဆင်ပြေပါတယ်၊ နောက်ပိုင်းကျတော့ သားလုပ်တဲ့လူက ကျွန်မရေချိုးခန်းသွားတာတို့ နောက်ဖေးမှာ ချက်ပြုတ်တာလုပ်နေတာတို့ဆိုရင် နောက်နားက ရစ်သီရစ်သီ လုပ်လုပ်နေတတ်တာရယ်၊ တစ်ခါတစ်လေ ညကြီးမင်းကြီးကျမှ အိပ်ခန်းတံခါးလာလာခေါက်ပြီး မုန့်လာကျွေးတာတို့ စကားလာပြောတာတို့ လုပ်လာတော့ ကျွန်မလဲ ကြောက်ပြီး ကိုယ့်ဗမာတွေ နေတဲ့အိမ်မျိုးဘဲ ပြန်ရှာပြီး နေရတာပါဘဲ၊ ကိုယ့်ဗမာအချင်းချင်းဆိုတော့လဲ လုံခြုံမှုတစ်မျိုးတော့ ရတာပေါ့ရှင် တခြားဂုဏ်တုဂုဏ်ပြိုင်လေးတွေကို သည်းခံနိုင်ရင်တော့ ကိုယ့်အချင်းချင်းနေရတာလဲ တစ်မျိုးကောင်းပါတယ်"

"ကျွန်မနဲ့ ကျွန်မယောကျာ်းက မြန်မာပြည်မှာတုန်းကတော့ တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေပါ။ ကျွန်မက ဝါသနာအရ ဟိုမှာတုန်းကလဲ အိမ်ပွဲစားလုပ်တယ်လေ။ နောက်ဒီရောက်တော့ အစပိုင်းမှာတော့ ဟိုလုပ်ဒီလုပ်ပါဘဲ နောက်ပိုင်း PR ရတော့ ကိုယ့်သူငယ်ချင်းလေးတွေစုပြီး စီးတီးဟောမှာ ဆိုင်ခန်းတစ်ခန်းယူပြီး မြန်မာပြည်နဲ့ ဒီနဲ့ ပစ္စည်းအပို့အယူလုပ်တယ်၊ ကွန်တိန်နာတွေငှားတယ်၊ နောက်အခုလို အိမ်ခန်းငှားစားတဲ့ အလုပ်လဲ လုပ်တယ်ပေါ့ရှင်၊ ကိုက်တယ်လို့လဲ မဆိုသာပါဘူး အစ်ကိုရယ် တစ်လတစ်လ အိမ်ငှားတွေနဲ့ ပြောဆိုနေရတာနဲ့တင် စိတ်ပင်ပန်းပါတယ်။ ဒါပေမယ့်လဲ ကျွန်မကိုက ဝါသနာပါတယ်ရှင့်၊ သူတို့နဲ့ ပြောရဆိုရလွန်းလို့ ကျွန်မလဲ အပြောအဆိုကြမ်းလာသလား မသိပါဘူး။ ကျွန်မလား မနာတော့ပါဘူးရှင် သူတို့ပြောလဲ ဒီဘက်နားကဝင် ဟိုဘက်နားကထွက် လုပ်လိုက်ရတာပါဘဲ။"

"တချို့ကတော့ ဒီက ERAလို့ခေါ်တဲ့ အိမ်ဝယ်/ရောင်း/ငှား ကုပ္မဏီမှာ Marketing Executive အနေနဲ့ ဝင်လုပ်ကြတယ်ရှင့်။ သင်တန်းတွေဘာတွေ တက်ရသေးတယ်ထင်တယ်၊ ပြီးမှသူတို့ဆီမှာ ဝင်ရတာ။ ကျွန်မတို့ကတော့ ကိုယ့်ကုပ္မဏီလဲရှိတော့ အဲဒီနာမည်နဲ့ဘဲ အကုန်လုပ်ပါတယ်။ အလုပ်အကိုင်တွေက လူလိုရင်လဲ ကျွန်မတို့ မြန်မာပြည်ကနေ လူရှာတဲ့ အလုပ်လဲလုပ်သေးတယ်ရှင့်။"

"ကျွန်တော်တို့ကတော့ သူငယ်ချင်းတစ်သိုက် ဒီမှာကျောင်းတက်ကထည်းက အတူတူနေလာကြတာ၊ အလုပ်ရတော့လဲ အားလုံးရဲ့ အလုပ်တွေနဲ့ သွားလို့လာလို့ အဆင်ပြေမယ့် တစ်နေရာကို ရွေးပြီးနေလာကြတာ အခုဆို သုံးနှစ်လောက်တောင် ရှိရော့မယ်။ အားလုံးသူငယ်ချင်းတွေဆိုတော့ ဘာမှအခက်အခဲမရှိပါဘူး။ တစ်ရောက်နဲ့တစ်ယောက် မျှတစားသောက်နေထိုင်ကြတာဆိုတော့လေ။ သူများတွေဆီကတော့ ဒီလို အိမ်ရှင်အိမ်ငှား အခက်အခဲလေးတွေတော့ ကြားဖူးပါတယ်။ အဲဒါတွေကြားလေ သူများနဲ့ မနေချင်လေဖြစ်ပြီး အချင်းချင်းအဆင်ပြေအောင် နေကြတာပါဘဲ။"

တကယ်တော့ စင်ကာပူတွင်နေရသည်မှာ မိသားစုလိုက် တစ်အိမ်လုံးငှားနေကြသော သူများမှလွဲ၍ ယခုလို သူများနှင့် တွဲဖက်နေကြရသူများမှာ အနည်းနှင့်အများတော့ အဆင်မပြေမှုလေးတွေ ရှိကြသည်ပင်။ အဓိကကတော့ အချင်းချင်း စာနာစိတ်ကလေးမွေး၍ မနေနိုင်ကြလို့ဘဲ ဖြစ်ပါသည်။ သူလဲနိုင်ငံခြားထွက်နိုင် ငါလဲနိုင်ငံခြားလာနိုင်၊ သူလဲဒီအလုပ် ဒီလစာ၊ ငါလဲဒီအလုပ်မျိုး ဒီလစာလောက်ရနေတာဘဲဆိုကာ မာနလေးတွေခံနေကြ၍ ထင်သလောက် မစည်းလုံးကြဘဲ အဖုအကြိတ်ကလေးတွေ ရှိနေကြခြင်းဖြစ်ပါသည်။ အိမ်ရှင်အိမ်ငှားအလွှာဆိုတာလဲ တကယ်တော့ မရှိသင့်တော့ဘဲ စရိတ်အတူမျှခံကာနေကြသော အိမ်သူအိမ်သားများအနေဖြင့်နေမှသာ ရေရှည်စိတ်ချမ်းသာမှု ရနိုင်မှာဖြစ်ကြောင်း စင်ကာပူအိမ်ငှား ဈေးကွက်အကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။

အပိုင်း(၁)အပိုင်း (၂)


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 15 comments | Add to del.icio.us | Share on Facebook
Post tags: ,

Prisoner of the State

$
0
0

တနေ့က ရန်ကုန်မှ မိတ်ဆွေတစ်ယောက်က ယခုနှစ် မေလကမှ အသစ်ထွက်ထားတဲ့ Prisoner of the state ဆိုတဲ့စာအုပ်ကို eBook version ဝယ်ပေးပါ ဆိုလာပါသောကြာင့် အင်တာနက်တခွင် လေ့လာကြည့်ပြီးသကာလ တစ်ခုသော နာမည်ကြီး အီးဘွတ်အရောင်းဆိုဒ်တစ်ခုမှ အမေရိကန် အသပြာ ၁၂ပြားတိတိ ပေးကာ ဝယ်ရပါတယ်။ အီးဘွတ်ဝယ်ဖူးတာ ဒါပထမဆုံး အကြိမ်ပါ။ အမြဲတမ်းလိုလိုကတော့ အလကားရမည့်နေရာကနေ လိုက်ရှာတာပါဘဲ။ ဒီတစ်ခါကတော့ မေလကမှ ထွက်ထားတာ ဖြစ်လို့လား ကိုယ်ဘဲ အရှာမတတ်လို့လား အလကားရတာ ရှာမတွေ့ပါဘူး။ ဒါနဲ့ဘဲ သူကလဲ အခုဖတ်ချင်တယ် တော်နေဖတ်ချင်တယ်၊ ဘာသာပြန်နေတာ တန်းလန်းကြီးဖြစ်နေပါပြီဆိုပြီး အပူကပ်နေတာကြောင့် နောင်ခါလာနောင်ဈေးဆိုပြီး ဝယ်ဖြစ်ပါတယ်။

ပထမထင်တာက အီးဘွတ်ဗားရှင်း (PDF) နဲ့ရမယ်ထင်တာ သူတို့ကသူတို့ Application နဲ့ဖွင့်မှရတဲ့ ပုံစံနဲ့ရောင်းတာဖြစ်တော့ သူ့Application ကိုပါ ဒေါင်းလုဒ်လုပ်ယူရပါတယ်။ အားလုံးငွေရှင်းပြီးတော့ သူတို့က အီးမေးကနေ စာအုပ်ဒေါင်းလုဒ်လုပ်ရန် လင့်ကိုပေးပါတယ်။ စာအုပ်လဲရ application လဲရပြီဆိုတော့ စာအုပ်ကိုဖွင့်ကြည့်ပါတယ်။ အဲဒီမှာ ဒုက္ခရောက်တော့တာဘဲ။ စာအုပ်ဖွင့်ဖတ်ဖို့ ရန်အတွက် security code ဆိုတာကို ထည့်ရပါသေးတယ်။ ခက်တာက အဲဒီ security code ဆိုတာကို ကိုယ့်ရဲ့ credit card နံပါတ်ကို ပြန်ပေးထားတာဖြစ်လို့ ကိုယ့်ဘာသာ ဖတ်မယ်ဆိုရင် ဘာမှမဖြစ်ပေမယ့် သူများကို ဒီစာအုပ်ပေးရမှာ ဖြစ်နေတော့ သူဖတ်ဖို့ရန် ကိုယ့် card နံပါတ်ပါပေးလိုက်ရမယ့် ကိန်းဖြစ်နေပါတော့တယ်။

အဲဒီလိုနဲ့ ဟိုကမိတ်ဆွေကို ပြောပြတော့ သူကလဲ အဲဒီလိုကြီးမယူလိုဘူး ဖြစ်နေတာပေါ့။ တစ်ခုခုဆို သူ့ပယောဂ မကင်းဘူးဖြစ်နေမှာ သူလဲ စိုးရိမ်တာပေါ့လေ။ ဒါနဲ့ နှစ်ယောက်သား အဲဒီ security code ကိုမထည့်ဘဲဖွင့်လို့ ရမယ့်နည်း၊ ဖွင့်ပြီးရင် security code ပြန်ဖြုတ်လို့ရနိုင်မယ့်နည်းတွေ လိုက်ရှာကြရတော့တာပေါ့။ ဒီလိုနဲ့ နှစ်ရက်လောက်ကြာသွားတဲ့အထိ ဘယ်လိုမှ အဖြေရှာမရတဲ့အခါမှာ ကိုယ်လဲမနေနိုင်တော့တာနဲ့ ခင်ဗျားကို ယုံပါတယ် card နံပါတ်သာယူပြီး စာအုပ်ကို ဖွင့်ဖတ်လိုက်ပါတော့ ဆိုပြီး ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့သူလဲ သူ့Palm လေးနဲ့ စာအုပ်ဖတ်နေတာပေါ့။

အဲဒါဒီနေ့ စိတ်ထဲမကျေနပ်တာနဲ့ ထပ်ရှာလိုက်တာ အခုလို PDF version နဲ့စာအုပ်ကို ရတော့တာပါဘဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစာအုပ်အကြောင်း မသိပါဘူး။ သူကနဲနဲရှင်းပြပါတယ်။ ဒီစာအုပ်ဟာ တရုတ်ပြည်က Zhao Ziyang (ကျောက်ကျိရန်) တီယန်မန် အရေးအခင်း ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် အကျဉ်းချခံထားရတာပေါ့။ ဒါပေမယ့် အကျယ်ချုပ်ကာလမှာ အနာဂတ်တရုတ်နိုင်ငံကြီးအတွက် သူပြောချင်တာတွေကို အသံသွင်းပြီး ပြောထားခဲ့တာ အခွေ၃၀တောင် ရှိသတဲ့လေ။ အဲဒီအခွေတွေထဲက အသံသွင်းထားခဲ့တာတွေကို အခုလို စာအုပ်ပြန်လုပ်ထားကြတာပါတဲ့။

မိတ်ဆွေကတော့ ပြောပါတယ် စာအုပ်ထဲမှာ နိုင်ငံရေးစံနစ်ကို ဘယ်လိုပြောင်းလဲပစ်သင့်တယ်ဆိုတာတွေကို ထောက်ပြထားတယ်။ တကယ့် တရုတ်ပညာရှိကြီးဖြစ်လို့ တရုတ်အဖိုးကြီးတွေကို ခေတ်နောက်ကျတယ်လို့ ထင်ရင်မှားသွားမယ်ဆိုတဲ့အကြောင်း အဖိုးကြီးပေမယ့် လူငယ်တွေလိုပဲ တွေးနိုင်ပြီး တစ်ကယ့် THINK TANK ကြီးတွေဖြစ်ကြောင်း ပြောပြပါတယ်။

ဒါနဲ့ဘာစိတ်ကူးရသွားလဲ ဆိုတော့ ထွက်တာလဲ မကြာသေး၊ ကိုယ်ကလဲ PDF Version ကိုအလကားရထားတယ်ဆိုတော့ ဒီစာအုပ်အကြောင်းကို သိသူ စိတ်ဝင်စားသူ၊ ဖတ်လိုသူရှိရင် အလကား ဖတ်လို့ရပါစေဆိုပြီး ပြန်လည်ဝေမျှဖို့ စိတ်ကူးရသွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့လိုနေ့မျိုးမှာ ဒီစာအုပ်ရလိုက်လို့လဲ စိတ်ထဲ ကျေနပ်သွားတာပါတယ်ပေါ့။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်မှာ ဒေါင်းလုဒ်ချပြီး ဖတ်နိုင်ပါတဲ့ အကြောင်း။

Prisoner of the State


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 30 comments | Add to del.icio.us | Share on Facebook
Post tags:

ဘောင်းဘီကျွတ်၍ လွှတ်လိုက်သည်

$
0
0

လွန်ခဲ့တဲ့ တစ်ပါတ်လောက်က စင်ကာပူဓါတ်ခွဲခန်းတစ်ခုက ရုံးမှာလာပြီး ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ ဝန်ထမ်းတွေကို ကျမ်းမာရေးအတွက် ဆီး၊သွေး၊ ကိုယ်အလေးချိန် စတာတွေကို အလကား လာစစ်ပေးပါတယ်။ Basic Package ဆိုရင် ဆီးချို သွေးချို သွေးတိုးရှိမရှိဆိုတာတွေ စစ်လို့ရနေပါပြီ။ Basic Package ကအလကားဆိုတော့ ကျွန်တော်လဲ အလကားရတာဘဲ စစ်လိုက်ပါတယ်။

စာရင်းချုပ်လိုက်တော့ တစ်ခုမှ မကောင်းတော့ပါဘူး။ သွေးထဲမှာ ကိုလက်စထရောလ် ရှိတယ်၊ သွေးချိုအရိပ်အရောင်ပြနေတယ်၊ ကိုယ်အလေးချိန်က အဝလွန်ထဲရောက်နေတယ်၊ သွေးတိုးနိုင်တယ်၊ လေဖြတ်နိုင်တယ်နဲ့ အားမနာ လျှာမကြိုး သတိပေးချက်ကြီးထွက်လာတယ်။ လူကတော့ နေနေကြမို့လားမသိ ပေါ့ပါးနေတာဘဲ။ နေ့တိုင်း သံပုရာရည်ရေနွေးစိမ် သောက်နေလို့လားတော့မသိ၊ ဘာမှမခံစားရဘူး။ သူပြောမှဘဲ စိတ်ထဲဝေဒနာဖြစ်သွားတော့တယ်။ လေ့ကျင့်ခန်းများများလုပ်ဖို့ စားသောက်နေထိုင်မှု ပုံစံကို ပြုပြင်ဖို့ စတဲ့အကြံပေးချက်တွေ တလှေကြီးနဲ့ ထွက်လာတော့ တာပါဘဲ။

စဉ်းစားကြည့်တော့လဲ ဟုတ်တာဘဲ။ တစ်နေ့ကို ၉နာရီလောက် ရုံးမှာထိုင်ရတယ်၊ အိမ်ရောက်တော့လဲ ဆက်ထိုင်တယ််၊ ညဖက် ၁၂နာရီထိုးမှ မနဲထိုးအိပ်ရတယ်၊ လှုပ်ရှားမှုဆိုတာ လက်ဆယ်ခြောင်းဘဲ ရှိသလိုဖြစ်နေတယ်။ ဒါနဲ့လေ့ကျင့်ခန်းလုပ်မှဖြစ်မယ်၊ ဘလော့လေးဘာလေး လျှော့မှဖြစ်မယ်ဆိုပြီး ဘော်ဒါတွေနဲ့ပြောဖြစ်တော့ သူတို့ကအားပေးကြတယ်၊ မချိုသင်းလို ကပါလားတဲ့၊ အာခီဒိုကစားပါလား၊ တိုက်အပေါ်တက်အောက်ဆင်း နေ့တိုင်းလုပ်ပါလား စတဲ့ အကြံပေးချက်မျိုးစုံ ရပြီးသကာလ တစ်ယောက်သောသူက လေ့ကျင့်ခန်းမလုပ်ခင် ကိုပေါရေးထားတဲ့ ပို့စ်တစ်ခု လိုဖြစ်နေဦးမယ်လို့လဲ သတိပေးလား ပေးရဲ့။

ကျွန်တော်ကလဲ ဟုတ်တယ်၊ စင်ကာပူကိုလာတုန်းက ခါးဆိုဒ် ၃၈နဲ့လာတာ။ ခုဆိုရင် ၄၂ဖြစ်နေပြီ။ အရပ်ကလေး ရှည်နေလို့သာ တော်သေးတယ်၊ မဟုတ်လို့ကတော့ ဆေးဘဲဥလိုဖြစ်နေမှာ။ ဒီနေ့တော့ ဒုက္ခရောက်စရာ တစ်ခုကြုံရပါတယ်။ အလှည့်ကျဝတ်တဲ့ အတွင်းခံဘောင်းဘီပေါ့ဗျာ ကနေ့အလှည့်ကျတဲ့ကောင်က တော်တော်လေး ဆားဗစ်ရင့်နေပြီ။ ရင့်ဆို ဒီလာကထဲက အတူပါလာတာဆိုတော့ သုံးနှစ်ရှိရောပေါ့။ ဘောင်းဘီများ ဒီမှာရှာရခက်လွန်းလို့ ရန်ကုန်တရုတ်တန်းက အမြဲလှမ်းလှမ်းမှာထားရတယ်၊ အသစ်ရှိလဲ အဟောင်းလေးဘဲ တလည်လည်ဆိုသလို အဲဒီအဟောင်းတစ်ထည်ကို ဘယ်လိုဝတ်ကောင်းမှန်းမသိ ဝတ်နေမိပါတယ်။

သူကသက်တန်းရင့်လာပြီဆိုတော့ ဆွေးမြေ့လာပြီပေါ့၊ သုံးနှစ်လုံး ၃၈ဘဝကနေ ၄၂ဘဝအထိ အတူတူမခွဲဘဲ တာဝန်ထမ်းဆောင် လာတာဆိုတော့ သူ့ရဲ့ မျှော့ကြိုးဆိုတာကလဲ တော်တော်လျှော့ရဲနေပြီပေါ့။ ဒီဘောင်းဘီဝတ်တဲ့နေ့ဆို အမြဲသတိထားရပါတယ်၊ သို့ပေမယ့် အမြဲထိုင်နေရတာဆိုတော့ ထူးပြီးစိတ်ထဲထည့်နေစရာမလိုပါဘူး။ သို့သော် ဒီနေ့တော့ တနလာင်္နေ့မှာ ရုံးက ကျွန်တော်တို့လုပ်နေတဲ့ စနစ်တစ်ခုကို Presentation ပြဖို့ရှိတာနဲ့ Data Centre ကိုသွားပြီး စနစ်ကို မွန်းမံစရာရှိတာ မွန်းမံ၊ အသစ်ထပ်လုပ်ထားတာလေးတွေ သွားပေါင်းထည့်ဖို့့ရာ ကျွန်တော် တာဝန်ကျလာပါတယ်။ အဲဒါနဲ့ နေ့လည်က Data Centre ရောက်နေခဲ့တယ်။ Data Centre ဆိုတာကလဲ အအေးခန်းထဲ ရောက်နေသလိုထင်ရလောက်အောင် အေးခဲနေတဲ့ နေရာမှာ ထိုင်စရာကလဲ မရှိနဲ့ မိုးတိုးမတ်တတ် တနေ့လည်ခင်းလုံး အလုပ်မှာ လုံးပန်းနေလိုက်တာ၊ ကိစ္စတွေ ပြီးလို့ အပြန်မှာတော့ လမ်းလျှောက်ရတာ ဖီလင်တစ်မျိုးဖြစ်နေတယ်ဗျ။

အရင်က ခါးနေရာမှာ တင်းတင်းရင်းရင်းဖြစ်နေရမယ့် ကိစ္စဟာ တင်ပါးနေရာကို ရောက်နေသလို၊ တင်ပါးနေရာမှာ အပိုတစ်ခုတင်နေသလို ခံစားနေရတယ်။ အဲဒါနဲ့ သေသေချာချာ စေ့ငုကြည့်တော့ ဟိုက်…ရှာလပါတ်ရည် ကျွန်တော့်ဘောင်းဘီမျှော့ကြိုးဟာ အနိစ္စသဘောနဲ့ ကိစ္စချောပြီးတော့ အရာရာကို လက်မြှောက် အလျှော့ပေးသွားပုံရပါတယ်။ တော်သေးတာက ဒီနေ့ သောကြာဆိုတော့ ပုံမှန်အတိုင်း စတိုင်ဘောင်းဘီမဝတ်ဘဲ ဂျင်းဘောင်းဘီဝတ်လာလို့သာ၊ မဟုတ်ရင် တော်တော်ဒုက္ခရောက်မယ့်ပုံပါဘဲ။

ဒုက္ခရောက်နေတဲ့ ကြားထဲက ကိုပေါရေးတဲ့ ပို့စ်ကို သတိရသွားပြီး မဒမ့်ဆီကို ဖုန်းလှမ်းဆက်လိုက်ပါသေးတယ်။ ငါတော့ ကိုပေါရေးထားသလို တကယ်ကျွတ်ပြီဟေ့လို့ ဟာသလှမ်းလုပ်လိုက်သေးလို့ ဟိုကတခွီးခွီးနဲ့ ရီနေပါသေးတယ်။ ဟိုကပိန်သွားလို့ ဘောင်းဘီတွေ ချောင်ကုန်တာကို အလကာင်္ဖွဲ့ရေးလိုက်တာပါ၊ ကျွန်တော်ကတော့ အဝလွန်ပြီး ဘောင်းဘီမျှော့ကြိုးက လက်မြှောက်ပြီး ကျွတ်သွားတာပါခင်ဗျ။

အိမ်ရောက်လို့ အကျီင်္ဘောင်းဘီလဲတဲ့ အခါမှာတော့ အတွင်းကဘောင်းဘီဟာ သူ့နေရာမှာ သူရှိမနေဘဲ ဇောက်ထိုးဖြစ်နေပါတော့တယ်။ လေ့ကျင့်ခန်းလုပ်မှ ဖြစ်ပါတော့မယ်ဆိုတဲ့ အကြောင်း မိတ်ဆွေများကို အကြောင်းကြားအပ်ပါတယ်။ ကျမ်းမာကြပါစေ၊ ရုံးအိမ်သာထဲမှာ ဝမ်းသာအားရ ထိုင်ပြီးမှ စက္ကူလိပ်ကုန်နေတာကို မြင်ရတဲ့ အဖြစ်မျိုးမှ ကင်းဝေးကြပါစေ။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 34 comments | Add to del.icio.us | Share on Facebook
Post tags:

ကျွန်တော်နှင့် ကားမောင်းခြင်း

$
0
0

ခုတစ်လော ကားမောင်းချင်စိတ်တွေ ဖြစ်ပေါ်နေမိပြီးတော့ ကိုယ်ပိုင်ကားတစ်စီးလောက်လဲ ပိုင်ဆိုင်ချင်နေမိတယ်။ ဘာဝယ်ဝယ်အကြွေးနဲ့ ဝယ်လို့ရနေတာကို သိနေတော့လဲ လိုချင်မိတာပေါ့။ ခုရက်ပိုင်းမှာကလဲ တခြားရုံးတစ်ခုကို
နေ့တိုင်းနီးပါးလောက် အလုပ်သွားလုပ်ရတာရယ်၊ ထမင်းထွက်စားကြရင် လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ကားတွေနဲ့ သွားကြတဲ့အခါမယ် ကျွန်တော်ကကိုယ်လုံးကိုယ်ထည်ကြီးတော့ နောက်ခန်းမှာ သုံးယောက်ထိုင်လို့ရအောင် ကိုယ့်ကို
အမြဲရှေ့ခန်းခေါ်ကြတော့ ကားမောင်းသူဘေးမှာ ထိုင်ရတဲ့အခါ သူကားမောင်းတာကို ကြည့်ကြည့်ပြီး ကားမောင်းချင်စိတ်တွေ ဖြစ်လာတာလဲပါမယ်။ သူတို့ကားမောင်းတာကိုကြည့်ရတာ အော်တိုဂီယာမို့ မောင်းရတာ သက်တောင့်သက်သာနဲ့ လွယ်လွယ်ကူကူရှိတာကို မြင်ရပြန်တော့ ကျွန်တော်ရန်ကုန်မှာနေတုန်းက ကားမောင်းသင်ပြီးစ အဖေ့ကားကိုမောင်းရင်း အဖေနဲ့တကြိတ်ကြိတ် ရန်ဖြစ်ကြတာကို သတိရမိသေးတော့တယ်။

ကျွန်တော်က ကားသာသေချာမမောင်းတတ်သေးတာ ကားမောင်းလိုင်စင်သက်တမ်းက ၁၀နှစ်လောက်ရှိနေပြီ။ ငယ်ငယ်ကနယ်မှာနေကြဆိုတော့ ၁၈နှစ်ပြည့်ပြီးတာနဲ့ ကညနရုံးမှာ ကားမောင်းလိုင်စင် သွားလုပ်ထားလိုက်တယ်။
ရန်ကုန်ပြောင်းကြတော့ နယ်ပြောင်းဆိုပြီးလုပ်လိုက်တော့ ဘာမှကားမောင်းပြနေစရာမလိုဘူး။ နောက်တော့ အဖေကားဝယ်ပြီးသည့်တိုင်အောင် ကျွန်တော်က ကားမမောင်းတတ်သေးဘူး။ အဖေမောင်းတာထိုင်စီးနဲ့ လုပ်နေတာ
၂နှစ်လောက်ကြာသွားတယ်။ အဖေကလဲ ကျွန်တော်ကားမောင်းတတ်သွားရင် ကားမောင်းဖြစ်မှာဆိုတော့ အန္တရယ်တွေ့မှာ စိုးရိမ်တာလဲ ပါတယ်၊ ဒါနဲ့သူကလဲ ကျွန်တော့်ကို ကားမောင်းသင်ဖို့ သိပ်ပြီးတွန်းအားမပေးဖူး။ နောက်တော့ အဖေ့ခမျာ သူချည်းမောင်းရရှာပါတယ်လေဆိုပြီး ကျွန်တော်ကအတင်းတောင်းဆိုတာနဲ့ ခွင့်ပြုလိုက်ပြီးသကာလ ကားမောင်းသင်တန်းကို နာမည်ကြီး သိမ်ဖြူကွင်းမှာ သွားသင်ပါတယ်။

ကားမောင်းမသင်ခင် ဆိုင်ကယ်အရင်စီးမိတာလဲ ပါမယ်ထင်တယ်။ ရန်ကုန်မှာတုန်းက ကျွန်တော့်အမျိုးသမီးက စည်ပင်ရုံးမှာ တာဝန်ခံအရာရှိပေါက်စပေါ့ဗျာ၊ အဲဂလိုဆိုတော့ သူတို့ရုံးကနေ ဆိုင်ကယ်တွေ ထုတ်ပေးတယ်ဗျ၊
ရပ်ကွက်ထဲ လျှောက်ပတ်ပြီး လုပ်ငန်းခွင်တွေ စစ်ဆေးဖို့ဆိုပါလား။ အဲဒီတုန်းကပေါ့ ကျွန်တော်ကွန်ပြူတာ ကုပ္မဏီမှာလုပ်လို့ရတဲ့လစာဟာ သူ့ဝင်ငွေရဲ့ အဖျားအနားလောက်ပဲရှိတယ်။ အဖေက အဲဒီဆိုင်ကယ်ကို ကျွန်တော်တက်တက်စီးမှာလဲ စိုးရိမ်သေးတယ်။ သူငယ်ငယ်က မန္တလေးမှာကြီးပြင်းခဲ့တော့ သူမျက်စိရှေ့မှာ ဆိုင်ကယ်နှစ်စီး အရှိန်မထိမ်းနိုင်လို့တိုက်ပြီး လူတွေသေကြတာမြင်မိထားတော့ ဆိုင်ကယ်ဟာ တစ်ခုခုဖြစ်ရင် အကာအကွယ်နဲတယ်ဆိုပြီး သူလဲမစီးရဲ ကျွန်တော့်ကိုလဲ စီးမှာစိုးရိမ်ပုံရပါတယ်။ သူရို့ခမျာ ချွေးမရှေ့ထားပြီး မင်းဆိုင်ကယ်မစီးနဲ့နော် မစီးနဲ့နော်ချည်းပဲ ပြောပြောနေရတော့ ကြာတော့ကျွန်တော့မိန်းမက ရှင့်ကြတော့ စိုးရိမ်လို့မစီးနဲ့ ကျုပ်ကြတော့ ဘာဖြစ်ဖြစ်စီးစေပေါ့လေ ဆိုပြီး တခါတခါ အငေါ်တူးပါတယ်။

သားလိမ္မာနေကျောက်ခဲကလဲ မိဘစကား နားထောင်ပါတယ်။ ညရောက်မှ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ လှည်းတမ်းသွား အအေးသောက်တယ်၊ ကြည့်မြင်တိုင်ညစျေးဖက်ရောက်တယ်၊ စမ်းချောင်းထဲ ဟိုသွားဒီသွား ဆိုင်ကယ်နဲ့ပါဘဲ။ စက်ဘီးစီးတတ်ပေမယ့် ဆိုင်ကယ်ကတော့ မိန်းမရမှ သူသင်ပေးလို့ စီးတတ်တာဗျ။ အစပိုင်းကတော့ သူ့နောက်ကထိုင်လိုက်တယ်ပေါ့၊ သို့သော် ညဖက်ဖြစ်သော်ငြားလည်း ကိုယ်ကယောကျာင်္းကြီးဖြစ်ပြီး သူ့နောက်ကထိုင်စီးရတာကို မျက်နှာပူတာရယ် သူများနောက်က ထိုင်စီးရတာကို ကြောက်တာရယ်နဲ့ အစီးတတ်အောင် သင်ရပါတယ်။ မခက်ပါဘူး တစ်ညပါဘဲ။ ကျွန်တော်တို့နှစ်ယောက် ကားပွဲစားတမ်းလုပ်တဲ့ လမ်းကြားမှာ ညဖက်သွားပြီး အမောင်းသင်ရပါတယ်။ စက်ဘီးစီးတတ်လို့ ဆိုင်ကယ်စီးသင်တာ မကြာလိုက်ပေမယ့် ကားတွေသွားနေတဲ့ လမ်းပေါ်မှာ တကယ်စီးရတဲ့အခါ ကြောက်စိတ်ဝင်မိပါတယ်။ တစ်ခါတစ်ခါလဲ မှားပြီးကိုယ်လုပ်ချင်တာလုပ်မိပြီးရင် နောက်ကိုလှည့်မကြည့်တော့ဘဲ စွတ်ရွတ်မောင်းသွားရတာမျိုးတွေ ခဏခဏပါဘဲ။

အဲဒီလိုနဲ့ ဆိုင်ကယ်စီးနေပြီမှန်း အိမ်ကသိသွားပြီးတဲ့ အခါမှာတော့ ကားမောင်းသင်စေဖို့ စိတ်ကူးလိုက်ကြပုံရပါတယ်။ ကားမောင်းသင်ရတော့ တကယ်ပျော်ဖို့ကောင်းပါတယ်၊ အမြဲစိတ်ကူးယဉ်နေခဲ့ရတာ မဟုတ်လား။ အခုလက်ရှိလုပ်နေတဲ့ အလုပ်နားမှာ ကားမောင်းသင်တဲ့ စခန်းတစ်ခုရှိတော့ နေ့တိုင်းအမောင်းသင်ကားတွေ တွေ့တွေ့နေရတော့ ရန်ကုန်မှာတုန်းက ကိုယ်ကားမောင်းသင်ခဲ့တာလေး ပြန်ပြန်သတိရမိပါသေးတယ်။ သင်တန်းဆိုတော့ ကိုယ်က စာတွေ့လက်တွေ့ အဲလိုလာမယ်ထင်တာ ဘယ်ဟုတ်လို့တုန်း စလာတာနဲ့ ကားပေါ်တက်ခိုင်းပြီး ဂီယာဘယ်လိုထိုးရတယ်၊ ကလပ်ရှ်၊ လီဗာ၊ ဘရိတ် ဘယ်လိုနင်းရတယ် စပြီးပြောပြတော့တာပါပဲ။ သူတို့ကလူတွေတန်းစီပြီး သင်နေရတာရယ် နေ့တိုင်းသင်နေရတော့ ပျင်းရိညည်းငွေ့ကြတယ်လားမသိ၊ စတာနဲ့ နှုတ်တိုက်ရွတ်သလိုကို သင်တော့တာဘဲ။ စက်မနှိုးခင် ကလတ်ရှ်နင်း ဂီယာဖြုတ်၊ စက်နှိုးပြီးရင် ကလတ်ရှ်နင်း ဂီယာထိုး လီဗာ ဖြေးဖြေးနင်း၊ ဘရိတ်မနင်းခင် လီဗာပေါ်က ခြေထောက်ရုတ် ကလတ်ရှ်နင်း ပြီးမှဘရိတ်နင်း၊ ကလတ်ရှ်နင်းရင် အဆုံးအထိနင်း လီဗာနဲဲ့ ဘရိတ်နင်းရင် ဖြေးဖြေးစနင်း စတာတွေကို ကြက်တူရွေး နှုတ်တိုက်သင်သလိုသင်ပြီး ပြန်ရွတ်ပြဆိုလို့ အယောင်ယောင် အမှားမှားနဲ့ ရွတ်ရသေးတယ်။

အဲဒီလို နှုတ်တိုက်ရွတ်တာလဲမှန်ရော ကဲကားစမောင်းမယ်ဆိုပြီး စမောင်းရတော့တာပါဘဲ။ ကားစမောင်းသူတို့ရဲ့ထုံးစံအတိုင်း ကလတ်ရှ်နဲ့လီဗာ အကြွအဖိကြားမှာ ချိန်သားမကိုက်လို့ ခဏခဏစက်ရပ်ရပ်သွားသေး။ ငေါက်တောက်ငေါက်တောက်နဲ့ ထွက်လိုလည်းထွက်ပေါ့။ ကားရွေ့ပြီးသွားပြီးဆိုရင်တော့ စိတ်ပေါ့ပါးသွားတာပါဘဲ။ ကျန်တာက လမ်းကြည့်ပြီး လက်ကိုင်လေး ဟိုလှည့်ဒီလှည့်နဲ့ ကွင်းကိုပတ်နေရတာဆိုတော့ မဆိုးသေးဘူးပေါ့။ အဲဒီလိုနဲ့ ကွင်းထဲတစ်ရက် အပြင်ထွက်တစ်ရက် Parking ထိုးလေ့ကျင့်တစ်ရက် နောက်ပိုင်းရက်တွေကိုတော့ အပြင်ချည်းဘဲ နေ့တိုင်းထွက်မောင်းရပြီးတော့ ရရက်အကြာမှာတော့ သင်ကားမောင်းတတ်ပြီဆိုပြီး သင်တန်းကနေ ပေးဆင်းလိုက်ပါတော့တယ်။ သင်တန်းဆင်းတော့ အဖေ့ကားတက်မောင်းရမယ်ထင်ပါသလား၊ ဝေးပါသေး၊ မြို့ထဲကားရှုတ်တာနဲ့ ညရောက်သွားတာနဲ့ စတာတွေနဲ့ ချက်ချင်းပေးမမောင်းသေးဘူး၊ ဒီမှာကလဲ ရွပိုးထိုးနေပြီမောင်းချင်နေတာ၊ မောင်းရပြန်တော့လဲ ကျင်းသားမကျသေးတဲ့ ကျွန်တော်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာတွေ အယူအဆမှားတာတွေကို အဖေက မျက်စိထဲမတွေ့တော့ ဆူပူအော်ဟစ်နေတာနဲ့ နောက်ဆို အဖေ့ကားမောင်းရမှာ ကြောက်လာတာနဲ့ မမောင်းဖြစ်တော့တာနဲ့ ဒုံရင်းပြန်ဖြစ်သွားပါတော့တယ်။ ကျွန်တော်များ ကားမောင်းပြီဆို အဖေရယ် အမေရယ် ကျွန်တော်ရယ် သုံးယောက်သား ကားထဲမှာ ဆူညံနေတော့တာပါဘဲ။ အမေကလဲအဖေ့ကို အမောင်းတတ်စတစ်ယောက်ကို မဖေးမပဲ ဆူပူရပါမလားဆိုပြီး နောက်ခန်းကပြန်အော်တယ်၊ ကျွန်တော်ကလဲ အာရုံများလာတော့ ပိုပြီးအယောင်ယောင်အမှားမှား ဖြစ်လာတယ်၊ ကျွန်တော်မှားလေ အဖေကလဲဆူလေဆိုတော့ မုန့်လုံးစက္ကူကပ်ဖြစ်ပြီး လက်ရည်က တက်ကိုမလာတော့ပါဘူး။ မောင်းရချိန်နဲတာလဲ ပါမယ်ထင်ပါတယ်။

အခုဒီနိုင်ငံက ကားတွေမြင်ရတာ တော်တော်သက်တောင့်သက်သာရှိလှပါတယ်။ အော်တိုဂီယာနဲ့ဆိုတော့ ကလပ်ရှ် အကြွအဖိ ချိန်သားကိုက်စရာလဲ မလိုဘူး၊ Parkingလုပ်ရင်လဲ အသံနဲ့သတိပေးနေတာဆိုတော့ တိုက်မိမှာလဲ စိုးရိမ်စရာမလိုဘူး၊ ရုံးကလူတွေကလဲ ကားကောင်းတွေ ဝယ်စီးကြတော့ မာစီဒီးလဲ စီးဖူးရဲ့၊ Lexus လဲစီးဖူးရဲ့၊ BMW အိုစုံလို့ပါဘဲ။ ရန်ကုန်မှာများ ကားအစုတ်ပဲ စီးနိုင်တယ်။ ခုနေအခွင့်အခါများ ရနိုင်သေးရင်တော့ မောင်းရလွယ်ကူတဲ့ ကားလေးတစ်ခေါက်လောက် မောင်းကြည့်ချင်သေးတယ်ဗျာ။

 


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 53 comments | Add to del.icio.us | Share on Facebook
Post tags:


ကျေးဇူးပါမေမေ

$
0
0

ကျွန်တော်ငယ်ငယ်က မှတ်မိသေးသည်၊ အဖေတို့အမေတို့ သာမန်ဝန်ထမ်းဘဝ ရသမျှလခလေး တော်တော်စစ်စစ်စီစီသုံးပါမှ လကုန်အထိ အကြွေးမရှိ စားနိုင်သောက်နိုင်သော အခြေအနေမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၏ မွေးနေ့ရောက်လာလျှင် ခေါက်ဆွဲလေးကြော်လို့ တစ်မျိုး၊ ငှက်ပျောသီးပျော့ပျော့ကို ဆီနဲ့ကြော်လို့ သကြားလေးဖြူးကာ ကော်ဖီနှင့်တွဲလို့တစ်ဖုံ၊ အိမ်နားနား သူငယ်ချင်းများကို ဖိတ်ခေါ်ကျွေးမွေးစေသည်။ မွေးနေ့လက်ဆောင်ကတော့ ဘာမှမရတတ်။ ဆော့နေကျ သူငယ်ချင်းတွေ အိမ်ကိုတစ်စုတစ်ပေါင်းတည်း လာစားကြတာကို ကြည့်ပြီး ပျော်ရတာကပင် လက်ဆောင်ရခြင်း မရခြင်းထက် ပိုပျော်ဖို့ကောင်းပါသည်။ တကယ်တော့ နယ်မှနေသော စက်ရုံတစ်ခု၏ စက်မှုရပ်ကွက်မှာနေကြသော ဝန်ထမ်းမိသားစုတွေ အနေဖြင့် လက်ဆောင်ပေးရလောက်အောင် မခမ်းနားကြတာလဲ ပါမည်ပင်။

မွေးနေ့များက ကျောင်းဖွင့်ရက်ကြုံနေပြန်တော့လဲ ကျောင်းသို့ထမင်းဗူးကြီးတစ်ဗူးနှင့် မုန့်တွေထည့်ပေးတတ်သေးသည်။ နဲနဲကြီးလာတော့ ကလေးတွေလို အိမ်ခေါ်ကျွေးတာတွေ လုပ်လို့မဖြစ်တော့၊ အဲဒီအခါမှာတော့ ပိုက်ဆံကလေးထုတ်ပေးကာ ဆိုင်တစ်ခုခုမှာ သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ်ထွက်စားစေတော့သည်။ အိမ်သားတစ်ယောက်ယောက်ရဲ့ မွေးနေ့ရောက်ပြီဆို အဖေက ညနေစာကို အထူးစီစဉ်တတ်သည်။ သူကိုယ်တိုင် ဆိုင်ဟင်းလျာများ ချက်ပြုတ်လို့ုဖြစ်စေ ၅ မိုင်လောက်ဝေးသည့် မြို့ကိုသွားကာ တရုတ်ဆိုင်မှ ဟင်းလျာများ ဝယ်လို့ဖြစ်စေ ညစာကို မိသားစု ပျော်ပျော်ပါးပါး စားကြသောက်ကြသည်။ ငယ်တုန်းကတော့ မွေးနေ့ဆိုလျှင် စားရသောက်ရတာဘဲ ရှိသည်။ အမေ့မွေးနေ့ဆိုလျှင်တော့ အဖေ့ဆီမှာ မွေးနေ့လက်ဆောင် ထမီတစ်ကွင်းတို့ အကျီင်္တစ်စ ဆိုတာတို့ တောင်းတာကြားရတတ်သည်။

ဆယ်တန်းအောင် ကျောင်းတွေတက်တော့ မွေးနေ့ဆိုတာက မိသားစု စုံစုံညီညီဆုံဖို့ခဲရင်းသွားသည်။ အချိန်ကိုက်အိမ်မှာရှိနေတာမျိုး မရှိတော့။ အဲဒီအချိန်တွေမှာ မိသားစုစုံညီစားကြတာထက် အချစ်နဲ့ တခြားသူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲတွေ ဖြတ်သမ်းခဲ့တာများသည်။ ဒီလိုနဲ့ အိမ်ထောင်တွေဘာတွေကျ၊ မိဘများနဲ့ နီးနီးနားနားပြန်နေဖြစ်တော့မှ မွေးနေ့တွေကို စုံစုံညီညီပြန်ကျင်းပခွင့်ကြံုရသည်။ အဲဒီအခါမျိုးမှာတော့ မွေးနေ့ရောက်လျှင် ကျွန်တော်တို့ လင်မယားနှစ်ယောက် ကန်တော့စရာ ပစ္စည်းတွေနဲ့ မွေးနေ့အထိမ်းအမှတ် မိဘများကို ကန်တော့ကြသည်။

မွေးနေ့မှာ အမေတို့ကို ကန်တော့ရတာလဲ ရင်ခုန်စရာကောင်းလှသည်။ အမေသည် သူမကြိုက်သည့် ပစ္စည်းဆိုလျှင် ဘယ်တော့မှ အားနာပါးနာ ကောင်းသည် မပြော၊ နင့်ဟာကြီးကလဲ ဘာကြီးလဲ ဟု အမြဲပြောတတ်သည်။ အဲဒီတော့ အမေဘာလိုချင်သလဲ ကန်တော့တဲ့အခါ ဘာထည့်ရမလဲ မေးပြန်လျှင်လဲ မကြိုက်တတ်၊ အဲဒီလိုကြီး လိုချင်တာကို ပြောမှ ကန်တော့ခံရတာ ဖီလင်မလာဟုလည်း ပြောတတ်သေးသည်။ အဲဒီတော့ ကျွန်တော်ရော ကျွန်တော့်အမျိုးသမီးရောက တစ်နှစ်ပါတ်လုံး ဒီအမေကြီး ဘာဆန္ဒရှိနေသည်၊ ဘယ်ထမီအဆင် အရောင် အမျိုးအစားမျိုးကို သူလိုချင်နေသည်၊ ဘယ်အစားအသောက်ကိုတော့ သူအာသီသရှိနေသည် ဆိုတာကို အမြဲလေ့လာထားရသည်။ အဲဒါမှ ကန်တော့သည့် ကိစ္စတွင် အဆင်ပြေကာ တစ်ပြံုးပြံုးဖြစ်နေတတ်သည်။ အဖေကတော့ ဘာလာလာကိစ္စ မရှိ အကုန်အဆင်ပြေသည်။ ဒါတောင်သူကလဲ မကြိုက်တတ်တာ ရှိသေးသည်။ သူကျတော့ တိုက်ရိုက်မပြော အမေမှတဆင့် သဘောထားခံယူချက်ကို ပြန်လည်နားထောင်ရသည်။ ထုံးစံအတိုင်း ညဖက်မှာတော့ ဆိုင်တစ်ခုခုမှာ သွားပြီးစားကြတာတော့ ပုံမှန်လုပ်ဖြစ်သည်။ ဆိုင်မှာစားတာကိုတော့ အဖေက ငယ်ငယ်ကထည်းက ပုံစံအတိုင်း သူကဘဲ အကုန်အကျခံကာလုပ်ပေးတတ်လေသည်။

မနှစ်ကတော့ မွေးနေ့မှာ အိမ်ပြန်ခွင့်ရလိုက်လို့ မိသားစု ဆုံလိုက်ရသေးသည်။ ဒီနှစ်တော့ ကိုယ့်ဘာသာဘဲ မွေးကျေးဇူးအောက့်မေ့ရင်း ကန်တော့လိုက်ရပါသည်။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 32 comments | Add to del.icio.us | Share on Facebook
Post tags:

နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ရပါသည်

$
0
0

ဗုဒ္ဓဂယာ သုခါယာမ ကျောင်းတိုက်၌ ပုရိမ ဝါကပ်တော်မူကြသော သံဃာတော် အရှင်မြတ်များအား ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ နှစ်စဉ်ကျင်းပမြဲဖြစ်သော စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ကျင်းပမည်ဖြစ်ပါသဖြင့် အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ပူဇော် ကြည်ညိုဆက်ကပ်လှူဒါန်း၍ ကထိန်အနုမောဒနာတရားများ နာယူနိုင်ကြပါသည်။

နှစ်စဉ်နှစ်တိုင်း ကျောင်းတိုက်တည်ရှိရာ ကျောင်းဝင်းတွင်းတွင် စီစဉ်ကျင်းပမြဲဖြစ်သော်လည်း ယခုနှစ်တွင်တော့ နေရာထိုင်ခင်း ကျယ်ပြန့်၍ သွားရလာရလွယ်ကူသော ဂျိုရောင်းအရှေ့အရပ်ရှိ (Jurong East)၊ Informatics ကျောင်းဝင်းအတွင်းတွင် စီစဉ်ကျင်းပမည်ဖြစ်ပါသည်။

စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မြန်မာသက္ကရာဇ် ၁၃၇၁ ခု တန်ဆောင်မုန်းလပြည့်နေ့၊ ၁-၁၁-၂၀၀၉ (တနင်္ဂနွေနေ့) တွင် နံနက်(၉)နာရီမှ နေ့လည်(၂) နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ကထိန်အနုမောဒနာ ရေစက်ချတရားကို နံနက်(၁၀)နာရီတွင် စီစဉ်ကျင်းပမည် ဖြစ်ပါသည်။

A1

လှူဒါန်းဖွယ်ရာ အစုစုတို့ကိုလည်း အောက်ပါဖိတ်စာပါ အတိုင်း ကြည်ညိုပူဇော် ဆက်ကပ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါပေသည်။

A2


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 7 comments | Add to del.icio.us | Share on Facebook
Post tags: , ,

ဘဝနတ်ထံ ပျံတော်မူခြင်း

$
0
0
ashin_ponnya_nanda

ပဋိပတ္တိ၊ ပရိယတ္တိ အလုပ်များ မနေမနား ပွားများအားထုပ်၍ ဝိပဿနာ တရားစခန်းများကို ဒေသအသီးသီးနှင့် ပြည်တွင်းပြည်ပ နိုင်ငံများသို့ လှည့်လည်ဟောပြလျက် ရှိတော်မူသော ကျေးဇူးတော်ရှင် ပုညာရာမဆရာတော် အရှင်ပုညာနန္ဒသည် ယမန်နေ့က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂရာတွင် ဘဝနတ်ထံပျံတော်မူသွားကြောင်း ဝမ်းနည်းဖွယ်ရာ သတင်းရရှိပါသည်။

ဆရာတော်၏ ဝိပဿနာ အလုပ်ပေးတရားများကို အင်တာနက်စာမျက်နှာ အရှင်ပုညာနန္ဒ (ပုညာရာမကျောင်းတိုက်) တွင် ကြည်ညိုနာယူနိုင်ပါကြောင်း။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 6 comments | Add to del.icio.us | Share on Facebook
Post tags: ,

နှစ်ချုပ်

$
0
0

စာမရေးဖြစ်တာဟာ ၂လတင်းတင်းပြည့်တော့မယ်။ အဲဒီလိုရက်ရှည် လရှည် စာမရေးဖြစ်ဖို့အစပျိုးလာတာက သြဂုတ်လလောက်ကထဲကဆိုတော့ ပြောရရင် စာမရေးဖြစ်တာ ၅လလောက်ရှိပြီိဆိုရင်လဲ မမှားဘူးပေါ့။ မိတ်ဆွေတွေကလဲ ဖေ့ဘွတ်မှာ လှုပ်ရှားမှုတွေကိုမြင်နေရတော့ ဘလော့မှာတော့ စာမရေးဘူး ဆိုတာမျိုးတွေ အပြစ်တင်ကြပါတယ်။ အကြောင်းတွေကတော့ အများကြီးရှိပါတယ်။ သို့သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိစေဆိုပြီးတော့ ဘလော့ပေါ်မှာ တင်မရေးချင်တာတွေ ပါလာရာကနေ ဘာမှမရေးဖြစ်တော့တဲ့ အထိဖြစ်သွားတာပါဘဲ။ လူကလဲ ရှတတလေးတွေ ရေးရတာ လက်တွေ့လေတော့ ကိုယ့်ကြုံသမျှတွေကလဲ ရှတတမကတော့ဘဲ ဟက်တက်ကွဲတွေပါ ပါလာတော့ကာ ရေးရမှာလဲ မကောင်းသလိုတွေဖြစ်ပြီး စိတ်ထဲမှာဘဲ မြိုချထားတာတွေ များလာရာကနေ မထွေးနိုင်မအံနိုင် ဖြစ်လာပါတော့တယ်။

စာရေးတယ်ဆိုတာကလည်း အကြည်ဓါတ်လေးရှိဦးမှဆိုတော့ ကိုယ့်မှာကနောက်ကျိနေတာတွေ များလာတော့ ဘာမှမရေးချင်လောက်အောင် ဖြစ်သွားပါတယ်။ အရင်က ဘိန်းစွဲသလိုစွဲနေတဲ့ ခြံစိုက်တဲ့ ကိစ္စတောင် ဒီအတိုင်းပစ်ထားလိုက်တယ်၊ ဒါပေမယ့် ငါးမွေးကြည့်တယ်။ သူက ခြံစိုက်သလို အင်နဲ့အားနဲ့ လုပ်စရာမလိုတာလဲ ပါလိမ့်မယ်။ ဘဝမှာ အောင်မြင်မှု နည်းပါးတဲ့နှစ်တွေ စာရင်းပြုစုထားမယ်ဆိုရင် ၂၀၀၉ ကိုလဲ စာရင်းထဲ ထည့်ထားရမယ့် နှစ်ဖြစ်မယ်။ ဘုရားတရားလုပ်ဖြစ်ချိိန်နဲပါးလို့များလားလို့ အရင်နှစ်တွေနဲ့လဲ ချိန်ထိုးကြည့်နေမိပြန်တယ်။

၂၀၀၉ ဟာ ပြဿနာ အများဆုံးနှစ်များလားလို့ ထင်ရလောက်အောင် ဖိုရမ်ဖက်မှာ လူမှုရေးတွေ တော်တော်ရှင်းခဲ့ရတဲ့ နှစ်ဖြစ်နေတယ်။ တော်သေးတာက ပြင်ပကမ္ဘာမှာ မဟုတ်တဲ့အတွက် အပြင်က လူနေမှုပုံစံကို မထိခိုက်သွားဘူး။ ဒါပေမယ့် စိတ်တွေက နောက်ကျိလာတယ်။ ၂၀၀၉ ဟာ စံချိန်တင်ရလောက်အောင် အိမ်အပြောင်းရဆုံး နှစ်ဖြစ်လို့နေတယ်။ တစ်နှစ်အတွင်း အိမ်းသုံးလုံး ပြောင်းဖြစ်ခဲ့တယ်ဆိုရင် ယုံပါ့မလားဘဲ။ ပြောင်းခဲ့တဲ့ နေရာတိုင်းမှာလဲ ကိုယ်စိတ်တိုင်းကျ လူတွေနဲ့ မတွေ့ခဲ့လို့ ငါကံမကောင်းပါလားလို့ မတွေးနိုင်တော့ဘဲ ငါများ လူမှုရေးညံ့ဖျင်းနေပြီလားလို့ ကိုယ့်ဘာသာ မယုံမကြည်ဖြစ်ရတဲ့ နှစ်ဖြစ်နေတယ်။

၂၀၀၉ဟာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ နောက်ဆုံးတော့ ငါးမရရေချိုးပြန်ခဲ့ရတဲ့ ကိန်းဖြစ်နေခဲ့တယ်။ အသက်ကို ပြန်ငယ်လို့ မရနိုင်တော့တာမို့ ဖြစ်ချင်တာတွေကိုဘဲ လျော့လိုက်ရတော့မယ့် ကိန်းများလားလို့ အလန့်တကြားတွေးနေမိတယ်။ ဒါတွေက အကြည်ဓါတ်တွေကို ခမ်းခြောက်လာစေခဲ့တာလို့ အကြောင်းပြရမှာလား ကိုယ့်လက်ရည်က ဒါဘဲလားလို့ လက်ခံရမှာလား တစ်ခုခုတော့ သေချာတယ်။ အတွင်းကအပူတွေကို ဖုံးဖိရင်း လူကကြိုးစားပျော်ကြည့်နေတော့ ဖေ့ဘွတ်မှာ ဘေးကလူတွေကတောင် ဒီလူကြီးတော်တော်ပေါတောတော နိုင်ပါလားလို့ အထင်မှားနိုင်တဲ့ နှစ်ဖြစ်မယ်။

ပြီးတော့ ၂၀၀၉ဟာ စံချိန်တင်ရလောက်အောင် ဆံပင်ဖြူတွေ အထွက်များတဲ့နှစ် ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ဖေ့ဘွတ်မှာတော့ မိတ်ဆွေတိုးတဲ့နှစ်လို့ပြောရမယ်။ ဒါပေမယ့် စသုံးတာကလဲ ဒီနှစ်မှဆိုတော့ အစကောင်းတယ်ပြောရမလားဘဲ။ ကိုယ်ကသူများတွေလို မာဖီးယားမင်ဘာ များများလိုချင်လို့ လိုက်အက်တာ မဟုတ်လေတော့ ရှိတဲ့လူဟာ နှစ်ဦးနှစ်ဖက်သိပြီးခင်နေတဲ့လူ၊ ကိုယ့်ကိုခင်တဲ့လူနဲ့ ကိုယ်ကခင်ချင်တဲ့လူ ဒါမျိုးတွေဘဲရှိတယ်။

အကြည်ဓါတ်နဲနေလေတော့ တတ်နိုင်သမျှ စာတွေဘဲလိုက်ဖတ်နေတယ်။ ရန်ကုန်ကမှာပြီးဖတ်တယ်၊ ဒီမှာလဲ မိန်းမမသိအောင် ဝယ်ဖတ်တယ်။ အိမ်တစ်ခါပြောင်းရင် အဲဒီစာအုပ်တွေကြောင့် လိုက်ပြီးကူပြောင်းပေးတဲ့ မိတ်ဆွေတွေကို မျက်နှာနာရပေါင်းလဲများပြီ။ ဒီနှစ်တော့ ရန်ကုန်ကို ပြန်ပို့လိုက်တာ စာအုပ်ချည်းဘဲ ကီလို၂၀ ကျော်တယ်။ မကောင်းတာတစ်ခုက နည်းပညာနဲ့ပါတ်သက်တာကို သိတ်မဖတ်ဖြစ်ဘူး။ ထဲထဲဝင်ဝင်မဖတ်ဖြစ်ဘူး။ သတင်းလောက်နဲ့ဘဲ ရပ်ထားလိုက်ဖြစ်တယ်။ အလုပ်ကလဲ တစ်နှစ်ပြည့်ရင်ကိုဘဲ လူကခုန်ဆွခုန်ဆွဖြစ်နေပြီ။

ဒီနှစ်ဟာ စံချိန်တင်ရလောက်အောင် အလုပ်များလွန်းတဲ့ နှစ်ဖြစ်ခဲ့တယ်။ နောက်နှစ်မှာလဲ တန်းစီနေတယ်။ ခေတ်ပျက်ကြီးမှာ အလုပ်များတာ ကောင်းတာပေါ့လို့ မိတ်ဆွေတွေကပြောကြသော်လည်း ဒီအလုပ်များပုံကြီးက အထက်ကလူတွေ မန်နေ့ချမန့် မကောင်းလို့ ပြီးသင့်တာတွေ မပြီးနိုင်သေးတာလို့ မြင်နေရတော့ အဲဒါတွေကို စိတ်တိုင်းမကျနိုင်ဘူး။ အခုဘဲကြည့် သူများတွေ ခရစ်စမတ်မှာ ပျော်ပြီး ခရီးတွေ သွားလာနေကြတဲ့ အချိန်မှာ ကိုယ့်မှာ အိမ်ကိုခွင့်ပြန်မှာတောင်မှ အလုပ်ကတန်းလန်းဖြစ်နေသေးတယ်။ ဒါတောင် ခွင့်ဟာ တစ်လကြိုပြီးတင်ထားတာ။ ရုံးက လူကြီးတွေဟာ အမေခဏခဏပြောတဲ့ ချီးယိုခါနီးမှ ချီးတွင်းတူးကြတဲ့ လူတွေနဲ့တူတယ်။

ဒီပို့စ်ဟာ ဒီနှစ်အတွက် နှုတ်ဆက်ပို့စ်လဲ ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ရှေ့တစ်ပါတ်မှာ ရန်ကုန်ကို အလည်ပြန်ဦးမယ်ဆိုတော့ အင်တာနက် သုံးဖြစ်မယ် မထင်ဘူး။ ရှေ့နှစ်ထဲရောက်မှ ပြန်ရောက်မယ်။ ပုံမှန်လာလည်ကြတဲ့ မိတ်ဆွေများကို ကျေးဇူးအထူးတင်ပါကြောင်း ထပ်လောင်းပြောကြားလိုက်ချင်ပါတယ်။ ရှေ့နှစ်မှာ ဘလော့ကို ပြုပြင်မှုတွေလုပ်ဦးမယ်။ အထူးသဖြင့် ဝင်ရတာကြာတဲ့ လက်ရှိ ဟို့စတင်းကလဲ ဖေဖေါ်ဝါရီဆို သက်တန်းပြည့်တော့မှာ ဆိုတော့ ဟို့စတင်းအသစ်ပြောင်းတော့မယ်။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2009. | Permalink | 26 comments | Add to del.icio.us | Share on Facebook
Post tags:

ယိုးဒယား

$
0
0

အကြောင်းတစ်ခု တိုက်ဆိုင်လာသဖြင့် မြို့တော် ဘန်ကောက်ကို သွားစရာ ကိစ္စဖန်လာခဲ့ပါပြီ။ ဟမ် .. အမှန်တော့ သွားပြီးပါပြီ။ အစကွန့်ကြည့်လိုက်တာ လွဲသွားပေမယ့် ရေးထားတာတွေ နှမြောလို့ မဖျက်တော့ဘူး။ ဆိုကြပါစို့ရဲ့ လွန်ခဲ့သော စနေနေ့က ဘန်ကောက်ကို ရောက်ခဲ့ပါသည်။ အကြောင်းကတော့ ရုံးက လုပ်ဖော်ကိုင်ဖက် တရုတ်တစ်ယောက်က ယိုးဒယားသူနဲ့ အကြောင်းဆက် ပေါင်းဖက်မယ်ဆိုလို့ မင်္ဂလာပွဲကို ကြင်ယာနဲ့ တွဲလာခဲ့ပါဆိုပါသဖြင့် ကိုယ်ဟာဖြင့် ရောက်ခဲ့ပါသည်။ (ဟမ် ဇတ်အသွားတွေ ဖြစ်ကုန်ုပြန်ပြီ။)

လေယာဉ်ဖိုးအလကား၊ တည်းခိုစရိတ်အလကားဆိုတာကလဲ သွားရည်တမြားမြားနဲ့ သွားချင်စရာဖြစ်အောင် ဆွဲဆောင်လို့ နေခဲ့တာကိုးခင်ဗျ။ ကိုယ်ဟာ ဝီရိယတွေစောပြီး ၁၁ခွဲမှာထွက်မယ့် လေယာဉ်ကို ၁၀ခွဲထွက်မှာထင်ပြီး အိမ်ကနေ ၉နာရီခွဲမှာ ထွက်ခဲ့တယ်။ ဟိုရောက်တော့ ၁၀နာရီ။ ကံမပါလို့ထင်ပါတယ်။ အဲဒီနေ့က လေယာဉ်ထွက်ဖို့ နောက်ကျပါမယ်တဲ့။

ခရီးသွားဖို့ ရင်ခုန်နေတဲ့ (အမှန်တော့ စားမယ်ဝါးမယ်၊ ဝယ်ချမ်းမယ်) လူတစ်စုဟာ တာမင်နယ် ၁ ထဲမှာ ထွက်ပေါက်မရှိ ပိတ်မိနေပါတယ်။ ဒီလိုနဲ့ တာမင်နယ် ဇတ်လမ်းထဲကလိုဘဲ လေဆိပ်ထဲမယ် ဟိုရောက်ဒီရောက် လျှောက်သွားပြီး စားသောက် အချိန်ဖြုန်းရပါတယ်။

သွားမယ့်အဖွဲ့ထဲမှာ ဒီကတရုတ်တစ်ယောက်လဲ ပါတာမို့ သူချည်း ခဏခဏ Check In Counter မှာသွားသွားမေးနေလို့ ကျွန်တော်တို့က သူ့ဆီက သတင်းစကားနဲ့ဘဲ ဘယ်အချိန်ထွက်မယ်၊ ထွက်ချင်မှလဲထွက်မယ်၊ လေယာဉ်လက်မှတ်ဖိုး ပြန်အမ်းချင်လဲ အမ်းမယ်ဆိုတဲ့ သတင်းမျိုးစုံနဲ့ အချိန်တွေကို ဖြတ်သန်းကြရပါတယ်။ သူများတွေ ဖြတ်သန်းကြတာကိုလဲ သေချာလိုက်ကြည့်ကြပါတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ မနက် ၁၁ခွဲမှာ စီးရမယ့် လေယာဉ်ပျံကို ညနေ ၃နာရီခွဲမှဘဲ စီးရပါတော့တယ်။ လက်မှတ်သွားထုတ်တဲ့ အချိန်မှာ ကောင်တာက မိန်းခလေးက လက်မှတ်မှာ သေသေချာချာရေးပေးလိုက်တာက စောင့်နေရတဲ့အတွက် စားစရာတစ်ခုခုနဲ့ တောင်းပန်ပါတယ်တဲ့လေ၊ ဒီငါးနာရီလောက် အချိန်ပေးလိုက်ရတာကို စားစရာနဲဲ့ တောင်းပန်ရုံနဲ့ ကျေနပ်ရရိုးလား။ စိတ်ဆိုးဟန်နဲ့ အားလုံးမူပြီး ဘယ်သူမှ သွားထုပ်မစားကြလို့ ကိုယ်လဲ မစားခဲ့ရဘူး။

ကျွန်တော့်ရဲ့ ဘန်ကောက်ခရီးစဉ်ဟာ အဲဒီလိုလေး လှလှပပ စတင်ခဲ့တယ် … ဆက်ပါဦးမယ်။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 7 comments | Add to del.icio.us | Share on Facebook
Post tags: ,

ယိုးဒယား ၂

$
0
0

စနေညနေဖက်မှာတော့ ဘန်ကောက်ကို ရောက်ပါတယ်။ လူကလဲ စားစရာဘာဆိုဘာမှ မကျွေးတဲ့ လေယာဉ်ပေါ်ကဆင်းလာတာဆိုတော့ ဆာလောင်မွတ်သိပ်နေပြီး နွမ်းဖတ်ဖတ်သာ ကျန်ပါတော့တယ်။ ရောက်တာနဲ့ လဝက ဖြတ်ပြီးတာနဲ့ မင်္ဂလာ သတို့သားကို ဖုန်းလှမ်းဆက်ရပါတယ်၊ ခမြာမယ် ၁၅ မိနစ်အတွင်း အရောက်လာရှာပါတယ်။ တကယ်မှာဆို နေ့လည် ၁၂ ကျော်ကျော်လောက်ကထည်းက ရောက်နေရမယ့် အဖွဲ့ဟာ ညနေ ၅နာရီကျော်မှ ရောက်တယ်ဆိုတော့ သူ့ခမြာမယ်လဲ ပြင်ရဆင်ရကြားကနေ ပြေးလာကြိုရှာပါတယ်။ လေဆိပ်ကနေ ဘာမှန်းမသိတဲ့ လမ်းမကြီးတွေဖြတ်ပြီ ဘာတွေရေးထားမှန်းမသိတဲ့ ဆိုင်ပေါင်းများစွာရဲ့ ဆိုင်းဘုတ်တွေကြည့်ကာ အင်မတန် နာမည်ကြီးလှတဲ့ ဘန်ကောက်ကို ရောက်ခဲ့ပါတယ်။

ဟိုမှာတွေ့ခဲ့ရတဲ့ ညနေခင်း နေလုံးဟာ အရောင်တော်တော်လှပါတယ်။ သို့သော်လည်း ကားပေါ်ကဖြစ်နေတာရယ် အကွက်အကွင်း ကောင်းကောင်းမရတာရယ်နဲ့ဘဲ အခုလောက်ပုံလေး တစ်ပုံလောက်ဘဲ ရခဲ့ပါတယ်။ ရောက်ရောက်ချင်း ရန်ကုန်ကို သိပ်သတိရမိပါတယ်။ လမ်းပေါ်က ဓါတ်ကြိုးများ၊ ဆိုင်တွေဖွဲ့စည်းပုံ၊ အဆောက်အဦပုံစံ စတာတွေဟာ ရန်ကုန်အတိုင်းပါဘဲ။ မတူတာကတော့ လမ်းတွေသိပ်ကောင်းတာရယ်၊ နေရာတိုင်းမှာ တယ်လီဖုန်းရုံလေးတွေရှိတာနဲ့ ကားတွေသိပ်များတာ၊ ပိုပြီးကောင်းတာတွေပါဘဲ။

သတို့သားက သူ့မင်္ဂလာဆောင်ကို လာတဲ့လူတွေဖြစ်လို့ မင်္ဂလာဆောင် အခမ်းအနားနဲ့ နီးနီးမှာ ထားတာကြောင့် ကျွန်တော်တို့ဟာ မြို့လည်နဲ့ဝေးတဲ့ နေရာမှာ တည်းခိုခဲ့ရပါတယ်။ Don Muang Airport ဆိုတာနဲ့ မနီးမဝေးအရပ်ဆိုတာကိုဘဲ သိရပါတယ်။ တည်းခိုရာမှာ အိပ်တွေ ချပြီးတဲ့ ကျွန်တော်တို့တွေဟာ စားမယ်ဝါးမယ်၊ အသားကုန်ဝယ်ပစ်မယ်ဆိုပြီး Calculator တပြင်ပြင်လုပ်နေတဲ့သူကလုပ်၊ ပါးစပ်နပြင်ပြင်လုပ်နေတဲ့လူကလုပ်နဲ့ နောက်ဆုံးတော့ မြို့လယ်ပိုင်းနားဖြစ်တဲ့ ပါရဂွန် ပလာဇာတဝိုက်မှာ စားကြသောက်ကြဖို့ ထွက်ခဲ့ကြပါတယ်။

ဆာလောင်နေတဲ့ လူတွေဟာ ကင်မရာခလုပ်တွေကို မေ့လျော့စေပါတယ်။ ဝမ်းနည်းပါတယ်၊ ရောက်တဲ့ညက ဘာမှ မရိုက်နိုင်ခဲ့ပါဘူး။ လူများလို့ ကားနှစ်စီးခွဲငှားပေးလိုက်ပေမယ့် ပါရဂွန်နားရောက်တော့ ရှေ့ကားဘယ်နားရပ်သွားမှန်း မသိကြတဲ့ ကျွန်တော်တို့ဟာ နှစ်ဖွဲ့ကွဲသွားပြီး စည်စည်ကားကား မဖြစ်တော့ဘဲ ကျွန်တော်ပါတဲ့ အဖွဲ့က စားသောက်ပြီးတာနဲ့ အိပ်ဖို့ပြန်ကြပါတော့တယ်။ နောက်တစ်နေ့ မနက်မှာ မင်္ဂလာဆောင်ပွဲ ဆင်ရင်နွဲမှာမို့ သတို့သားက မနက် ၅နာရီမှာ ကားအကြိုလွှတ်ပါမယ် မှာလိုက်တာကြောင့် အိပ်တာကောင်းပါတယ်လေ ဆိုပြီး တည်းခိုရာကို ပြန်လာကြပါတယ်။

ဆက်ပါဦးမယ် …


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 8 comments | Add to del.icio.us | Share on Facebook
Post tags: ,

ယိုးဒယား ၃

$
0
0

တနင်္ဂနွေ မနက်မှာတော့ မနက်၅နာရီ ကားလာခေါ်မယ်ဆိုလို့ မနက်၄နာရီလောက်ကထဲကထပြီး ပြင်ကြဆင်ကြတာဆိုတော့ မထချင်သေးသော်လည်း အိပ်ယာကနိုးနေပါတယ်။ ဒီလိုနဲ့ မနက်၅နာရီ စွန်းစွန်းမှာ လာခေါ်မယ့်ကား ထိုင်စောင့်လိုက်တာ မနက် ၆နာရီမှဘဲ ကားရောက်ပါတယ်။ ဒီလိုနဲ့ မင်္ဂလာဆောင်ပွဲ ကျင်းပမည့်နေရာကို ရောက်တယ်ဆိုပါတော့။

ဟိုရောက်တာနဲ့ ခဏနေတော့ အခန်းအနားကျင်းပမည့် ခန်းမကိုသွားဖို့ သတို့သမီးတောင်းသွားသလို အပြင်အဆင်မျိုးတွေနဲ့ ပြင်ဆင်ထားပါတယ်။ ပါလာတဲ့ ကျွန်တော်တို့ အဖွဲ့က သတို့သားဖက်က ကိုယ်စားပြုလို့ သတို့သမီးတောင်းခန်းမှာ ကြရာနေရာက သရုပ်ဆောင်ရပါတယ်။

သတို့သား မိဘများလဲ တယ်မလွယ်လှပါဘူး။ ငရုတ်သီးတွေ ကျွေးလိုကျွေး၊ သံပုရာသီးစိတ်တွေ ကျွေးလိုကျွေးနဲ့ အဖိုးကြီး အဖွားကြီးခမြာမယ် စားရရှာပါတယ်။ ထိုင်းရိုးရာကိုးခင်ဗျ။

မင်္ဂလာခန်းမကိုတက်မယ့် သတို့သားကို ရွှေကြိုးတားပါသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေမို့ထင်ပါတယ် တော်တော်များများဟာ ကျွန်တော်တို့နဲ့ တူကြပါတယ်။ သတိို့သားမိဘများက တရုတ်လိုကလွဲလို့ ဘာမှမပြောတတ်တဲ့ ထိုင်ဝမ်က တရုတ်များပါ။ သတို့သမီးနှင့် သူ့ဆွေမျိုးများကလဲ ထိုင်းလိုကလွဲလို့ ဘာမှမပြောတတ်တဲ့ မိသားစုပါ။ သတို့သားက သူလဲသတို့သားနေရာမှာနေရသလို သတို့သမီးမိသားစုများကြားမှာလဲ စကားပြန်လို ဝင်ဝင်ပြောပေးနေရပါသေးတယ်။ သြော် Power Of Love ပါလား။ ခမြာမယ် ထိုင်းလိုပြောလိုက် တရုတ်လိုပြောလိုက် ကျွန်တော်တို့ အဖွဲ့ကိုပြောမယ်ဆို အင်္ဂလိပ်လိုပြောလိုက်နဲ့ အတော်ဗျာများရှာပါတယ်။

ဒါက မင်္ဂလာခန်းမမှာ ဘုန်းကြီးတွေ ထိုင်ဖို့ ပြင်ဆင်ထားတဲ့ သံဃာစင်ပါ။ ဘုန်းကြီးတွေ မလာခင်မှာ သတို့သမီးတင်တောင်းတာတွေ၊ ဘိသိတ်ခံတာ၊ ဘိသိတ်ရေသွန်းတာ၊ ဆွေမျိုးတွေကို ကန်တော့ခံတာ စတဲ့ အစီအစဉ်တွေ အများကြီးလုပ်ကြပါသေးတယ်၊ အိပ်ယာကနိုးကထဲက ဘာမှမစားရသေးတဲ့ ကျွန်တော်တို့ဟာ ဗိုက်တွေ တဂွမ်ဂွမ် တဂွီဂွီနဲ့ပါဘဲ။

အခန်းအနားမှာ အချိုရည် ခဏခဏလာတိုက်လို့တော်ပါသေးတယ်။ ထိုင်းလိိုကလွဲလို့ ဘာမှမပြောတတ်တဲ့ ဧည့်ခံရေးအဖွဲ့နဲ့ ကျွန်တော်တို့ အဖွဲ့ဟာ အတော်အပေးအယူဖြောင့်ပါတယ်။ အုန်းနံလေးသင်းတဲ့ ဘာလို့အမယ်တတ်ရမှန်းမသိတဲ့ ချိုမွေးမွေး အရည်တစ်မျိုး ကျွန်တော်ယူသောက်ပါတယ်။ နောက်ပိုင်း တခွက်ကုန်သွားရင် သူတို့တစ်ပါတ်ကိုယ့်ဖက် ပြန်လည်လာတဲ့အခါမှာလဲ ဘာထပ်သောက်ဦးမလဲ မမေးတော့ပါဘူး။ ဆင်တူခွက်ဘဲ ထပ်ချပေးသွားပါတယ်။ မယူတော့ပါဘူးလဲ တားလို့မနိုင်ပါဘူး။ လက်တခါခါ လည်တခါခါငြင်းလဲ ပြုံးပြံုးလေးကြည့်ပြီး ခွက်ကိုချသွားတာပါဘဲ။ ဒီလိုနဲ့ ထမင်းစားတဲ့ အချိန်အထိ ဒါမျိုး ၆ခွက်လောက် ကျသွားတယ်။ Tiger တွေသာဆို ကောင်းလိုက်မယ့် အမျိုး။

ဆက်ပါဦးမယ် …


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 7 comments | Add to del.icio.us | Share on Facebook
Post tags: ,


ယိုးဒယား ၎

$
0
0

မင်္ဂလာခန်းမထဲမှာ ဖိတ်ကြားထားသော ဧည့်သည်များ နေရာယူပြီးသည့် အခါမှာတော့ သတို့သား၊ သတို့သမီး ရောက်လာပါတယ်။ သူရို့မှာလည်း အခမ်းအနား စီစဉ်ပေးသူ ရှိသဗျ။ အဲဒီလူက လိုအပ်တာတွေ ပြောဆိုညွှန်ပြပေးရင်းနဲ့ အခမ်းအနားကို စတင်ပါတယ်။ အရင်ဆုံး ဂုဏ်သရေရှိ လူကြီးလူကောင်းများမှ သတို့သား သတို့သမီးထိုင်မည့် နေရာနောက်နားမှာ၊ အသိသက်သေသဘောမျိူး၊ ကန်တော့ခံ နေရာယူကြပါတယ်။ အဟမ်း .. အဟမ်း။

ငွေတွေ ငွေတွေ တင်တောင်းထားတာများ နဲတာမဟုတ်ဘူး။ ကျွန်တော် လျှပ်တစ်ပျက် ကြည့်လိုက်တာ ဘတ် ၁၀၀၀တန် လေးအုပ်ရှိမယ်။ အဲဒါအပြင် လက်စွပ်၊ လည်ဆွဲ အဲဒါကလည်း ပါသေးသဗျ။ အခမ်းအနားမှူးကလဲ ပတွတ်ပတွတ်နဲ့ ထိုင်းလိုပြော၊ သတို့သား သတို့သမီးကလည်း တခုပြောပြီး တစ်ခါ လက်အုပ်ကလေးချီလိုက်ကြ၊ ကျွန်တော်တို့ကလဲ ပြန်ပြီး လက်အုပ်ကလေး ပြန်ချီလိုက်ကြနဲ့ ဟုတ်တော့နေတာပါဘဲ။

ပြီးတဲ့အခါမယ်တော့ မင်္ဂလာခမ်းဝင် တင်တောင်းကြသော ငွေတွေ ရွှေတွေအပေါ်မှာ ပန်းတွေဖြူး၊ ဆုတောင်းပေးကြနဲ့ ကျွန်တော်လဲ ကိုယ့်အလှည့်မှာ ပန်းတွေ အများကြီးဖြူးပေးလိုက်တယ်၊ ကိုယ်ကနှမ်းဖြူးနေကြလေ ကျွမ်းပါတယ် ဒီလောက်တော့ ..ဟမ်။

ကြည့်ပါဦး ချစ်စရာ သတို့သားနဲ့ သတို့သမီး။ သူတို့နှစ်ယောက်စလုံး အတော်ပျော်နေကြပါတယ်။ အထူးသဖြင့် သတို့သမီးဟာ ကြုံရင် ကြံုသလို မျက်နှာပြောင်ပါတယ်။ အခုလဲ ကြည့်ပါဦး အသေအချာ အခန့်အထည် လုပ်နေတဲ့ ပွဲမှာ ဓါတ်ပုံရိုက်တာကို အဲဂလို လက်ထောင်ပြပါသေးတယ်။

သတို့သမီး တင်တောင်းတဲ့ အခမ်းအနား ပြီးတဲ့အချိန်လောက်မှာတော့ ပင့်သံဃာ ၉ပါးကြွချီလာပါတယ်။ သတို့သား သတို့သမီးတို့ ဘုရားစင်မှာ ဘုရားဝတ်ပြု၊ ဘုန်းကြီးတွေက ပရိတ်ရွတ် မေတ္တာပို့ အမျှဝေ (ထင်တာဘဲဗျ တချို့ အသံထွက်တွေတော့ ခပ်ဆင်ဆင်ဘဲ၊ အဲဒီလို ရွတ်ဖတ်နေတာကိုက တစ်နာရီလောက်ကြာသကိုးဗျာ) မင်္ဂလာမောင်မယ်ကို ပရိတ်ရေဖျန်း အေးချမ်းအောင် ဆုတောင်းပေးကြပါတယ်။ တစ်ခုဘဲ စိတ်ထဲ မတွေ့တာက လူတွေကလဲ ထိုင်ခုံတွေမှာ ထိုင်ပြီး တရားနာကြတာကိုပါဘဲ။ ကိုယ့်ဆီမှာတော့ ကြမ်းပြင်မှာ ကြံု့ကြံု့လေး ထိုင်ကြတယ်မဟုတ်လား။

ဆက်ပါဦးမယ်……


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 6 comments | Add to del.icio.us | Share on Facebook
Post tags: ,

ယိုးဒယား ၅

$
0
0

ဘုန်းကြီးများမှ ရွတ်ဖတ်နေစဉ်အတွင်းမှာတော့ သတို့သား သတို့သမီးတို့ဟာ လှူဒါန်းဖွယ်ရာ ခဲဘွယ် ဘောဇဉ် ချိုချဉ်ရသာတို့ကို ကိုယ်တိုင် ကိုယ်ကျ ပြင်ဆင်ရပါတယ်။ ဆွမ်းပွဲပြင်တာ သူတို့သိပ်မြန်ပါတယ်။ နေရာက မထဘဲ နောက်နားကလူတွေက ပွဲတွေ တစ်မျိုးပြီးတစ်မျိုး အဆင်သင့်လာပေးထားလို့ မင်္ဂလာသတို့သား သတို့သမီးဟာ ဘန်းကြီးဆွမ်းပွဲထဲကိုသာ ကိုယ်တိုင်ကိုယ်ကျ လက်နဲ့ ထည့်ပေးရုံပါဘဲ။ ကြည့်ရတာတော့ ဗမာပြည်မှာဆို ဒေါင်းလန်းလို့ခေါ်မယ့် တစ်ဦးစာ စားပွဲမှာ တစ်ပါးခြင်းစီအတွက် ဆွမ်းပြင်ဆင်ပေးတာပါ။ ကောင်းပါတယ်။ ဘုန်းကြီးတွေ ဆွမ်းဟင်းခွက်တွေ လက်နဲ့မမှီမကမ်းလှမ်းနှိုက်ရတဲ့ အဖြစ်မျိုးမရှိတော့ဘဲ၊ ဟန်ဆောင်ပြီး နဲနဲလေးဘဲ စားစရာလဲ မလိုဘဲ၊ ဝဝလင်လင် ပြည့်ပြည့်ဖြိုးဖြိုး အိန္ဓြေအပြည့်နဲ့ ဘုန်းပေးသွားနိုင်ကြပါတယ်။

အဲဒီအချိန်မှာ လေးခွက်မြောက် အအေးခွက်ကို သောက်ပြီးနေပါပြီ။ ဓါတ်ပုံလိုက်ရိုက်ရတာလဲ မောသကိုးဗျာ။ စကားမစပ် သူတို့ အခမ်းအနားကို ဓါတ်ပုံဆရာလေးကို အားနာလိုက်တာ။ သူ့ခမြာမယ် 400D ကလေးနဲ့ ပုံတွေတဖျတ်ဖျတ်ရိုက်နေပေမယ့် တစ်ချက်တစ်ချက် ကျွန်တော့် 7D ကိုလှမ်းလှမ်းကြည့်နေတာ မျက်နှာပူပူနဲ့ သိနေတယ်လေ။ (ဒါက ကြုံတုန်းကြွားရတာ)

ဘုန်းကြီးတွေ ဆွမ်းဘုန်းပြီးတဲ့ အခါမှာတော့ ဧည့်သည်များကို နေ့လည်စာ ဘူဖေးနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဧည့်သည်တွေ ဆိုပေမယ့် ကြည့်ရတာ နှစ်ဖက်ဆွေမျိုးလောက်သာ တွေ့တာပါ။ သတို့သမီးဖက်က ဆွေမျိုးတွေနဲ့ သတို့သားဖက်က အမျိုးရင်းဆိုလို့ မိဘနှစ်ပါးနဲ့ ကျန်တာ ကျွန်တော်တို့ စင်ကာပူကလာတဲ့ အဖွဲ့ဘဲရှိပါတယ်။ ဘူဖေးဆိုပေမယ့် စင်ကာပူဘူဖေးလို တိုးဝှေ့လုယက်မနေကြဘဲ အေးအေးဆေးဆေး စားနိုင်ပါတယ်။ ဗိုက်သိပ်ဆာနေတဲ့ အတွက် ဘူဖေးကို ဓါတ်ပုံမရိုက်နိုင်တော့ပါဘူး။ ဝမ်းနည်းပါတယ်။ ဘူဖေးစားခဲ့တယ်လို့ ယုံပေးပါနော်။

နေ့လည်စာ စားအပြီးမှာတော့ မနက်ပိုင်း အစီအစဉ်များပြီးစီးလို့ ကျွန်တော်တို့ကို အနီးအနားမှာ ရှိတဲ့ Shopping Mall တစ်ခုနဲ့ လေဟာပြင်ဈေးတစ်ခုကို လိုက်ပို့ပေးပါတယ်။ Mall ဆိုပေမယ့် မင်္ဂလာဈေးလို ပုံစံပါဘဲ။ ဒဂုံစင်တာလို သားသားနားနားတွေက နောက်နေ့မှ ရောက်ပါတော့တယ်။ အဲဒီ JJ Mall ဆိုတာထဲမှာ မိန်းခလေးတွေ ဈေးဝယ်ကြတယ်ခင်ဗျ။ သူတို့တွေ ကြည့်ရတာ ဟိုဟာလည်းလိုချင် ဒီဟာလည်းလိုချင်၊ ဖြစ်နိုင်လို့ ပိုက်ဆံမလောက်ရင်တောင် ပါလာတဲ့ ယောကျာ်းများကို အပြီးထားခဲ့ပြီး ဝယ်ကြမယ့် ပုံပါဘဲ။(ဟုတ်တယ်လေ အဲမှာက ယောကျာ်းလေးကို လိုအပ်ရင် လိုအပ်သလို ပုံပြောင်းလို့ရတယ်မဟုတ်လား) ကျွန်တော်လား ပိုက်ဆံတွေ တရွှမ်းရွှမ်းနဲ့ လိုက်ရှင်းရတော့တာပေါ့။ အရသာတော့ရှိသား၊ စင်ကာပူမှာဆို ကဒ်ကလေးနဲ့ ရှင်းရှင်းနေရတာ အရသာမရှိဘူး။ ပိုက်ဆံကို အရွက်လိုက် ကိုင်ပြီးရှင်းရတာဟာ တယ်အရသာရှိတာဘဲ။

JJ Mall ဆိုတာဖက်မှာ ပြီးတော့ လေဟာပြင်ဈေးဖက် ထွက်ကြပြန်တယ်။ ရန်ကုန်က လေဟာပြင်ဈေးလိုပါဘဲ။ ပူလိုက် အိုက်လိုက်တာလဲ မပြောပါနဲ့တော့။ ရေခဏခဏဝယ်သောက်ရတယ်။ ကျွန်တော်တို့ထဲက မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်ထွက်သလို အေးအေးဆေးဆေး မဝယ်နိုင်ပါဘူး။ လိုချင်တာတွေ များလွန်းလို့ လူပျောက်ရှာသလို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ မြင်မြင်သမျှ သဘောကျနေတော့တာပါဘဲ။

တစ်ယောက်ထဲနေရင် ပျင်းပျင်းရှိ ဈေးအဝယ်ထွက်ထွက်နေတဲ့ ကျွန်တော့် အရီးတစ်ယောက်ကို သတိရလိုက်ပါဘိတောင်း။

နေ့လည် တစ်နာရီလောက်ကနေ ပတ်လိုက်ကြတာ ညနေ သုံးနာရီလောက်မှာ သူတို့တော့ မသိဘူး ကျွန်တော်တော့ ခြေထောက်တွေ ပူလာပါပြီ။ လူကလဲ ညောင်းလာပါတယ်၊ ဘယ်နေရာမှာ ပြန်ဆုံကြမယ်ဟေ့လို့ ပြောလို့ မရတော့အောင် အဖွဲ့လဲ ကွဲကုန်ကြလို့ ရှိတဲ့လူလေးတွေနဲ့ မကွဲအောင် ရထားတွဲလို လိုက်နေရပါတယ်။ ဒါပေမယ့် ညနေမှာ မင်္ဂလာဆောင်ကို ပြန်ဖို့ ကားလာကြိုဦးမှာမို့ ကာလာကြိုမယ့်နေရာမှာတော့ ညနေ ၄နာရီမှာ ပြန်ဆုံကြမှာပါ။ အထူးသဖြင့် အကျီင်္တွေ တန်တယ်လို့ မြင်ပါတယ်။ ဘတ် ၁၀၀ ပေးရင် အင်မတန်ကောင်းတဲ့ ရန်ကုန်မှာဆို ယိုးဒယားကလာတဲ့ တီရှပ်လို့ ပြောရောင်းတဲ့ အသားမျိုး ရနေပါပြီ။ ငယ်ငယ်တုန်းက ဈေးကြီးပေးစီးခဲ့ရတဲ့ ယိုးဒယား မြင်းကြယ်၊ ဆင်ကြယ်ဖိနပ်ကို ပေါက်ပေါက်ရှာရှာသတိရမိသေးတယ်။ တွေ့ရင်တော့ ဝယ်ဦးမှာ။

ပြောခဲ့တဲ့ အတိုင်း ညနေ၃ နာရီလောက်မှာ ဗိုက်ပြန်ဆာလာတယ်။ ဒါနဲ့ ရှော့ပင်းမောဖက်ပြန်သွားပြီး (အဲဒီအထဲမှာက Air Con ရှိလို့ အပူသက်သာတယ်) စားစရာ ရှာကြပါတယ်။ တွေ့ပါတယ် ယိုးဒယားရောက်နေမှတော့ သဘောင်္သီးထောင်း မစားလို့ ဖြစ်မလား။ ပူပူလောင်လောင် ဂရုမစိုက်အားပါဘူး၊ သဘောင်္သီးထောင်းကိုချည်း သီးသန့်မှာစားကြပါတယ်။

ပူတယ် စပ်တယ် ဒါပေမယ့် စားလို့ကုန်ပါတယ် ..

ညနေဖက် မင်္ဂလာဆောင်ကို ပြန်ဖို့ လာကြိုမယ့် ကားကို စောင့်နေကြတာပါ။ လူတွေကလဲ ချွေးတွေနဲ့ မဲတူးကုန်ပါပြီ။ ညနေဖက်က ဒင်နာတစ်ခုထဲ ရှိတော့တာမို့ အမှောင်ထုကို အားပြုပြီး နေကြမှာမို့ မမှုကြတာနေမှာပါ။ အားလုံးကတော့ ပင်ပန်းနေပါပြီ။ ဒါကတော့ အနီးတဝိုက် လျှောက်ရိုက်ထားတာလေးတွေပါ ..

ဆက်ပါဦးမယ်…..


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 15 comments | Add to del.icio.us | Share on Facebook
Post tags: ,

ယိုးဒယား ၆

$
0
0

ဒီလိုနဲ့ လာကြိုတဲ့ကားရောက်တော့ ညနေဖက်ပွဲကိုနွဲဖို့ ကျွန်တော်တို့အဖွဲ့ ခရီးဆက်ကြပါတယ်။ ကားထဲမှာ အလာတုန်းက လူနဲ့ကွက်တိ ချောင်ချောင်ချိချိထိုင်နိုင်ပေမယ့် ဈေးဝယ်အပြီးမှာတော့ သူသူကိုယ်ကိုယ် ပါလာတဲ့ ပစ္စည်းတွေပါတင်ရတာကြောင့် အားလုံးတိုးဝှေ့ထိုင်ကြရပါတယ်။ လမ်းမှာတော့ ဘယ်သူကဘာရခဲ့တယ်၊ ဈေးဘယ်လောက်တန်တယ်၊ စသဖြင့် ပစ္စည်းချင်း ဈေးချင်းပြိုင်တဲ့ အသံတွေ ဆူညံနေပါတယ်။

မင်္ဂလာပွဲကျင်းပမယ့် ခမ်းမနေရာရောက်တော့ ရေခဲပန်းပုထုနေတဲ့ လူတစ်ယောက်နားမှာ လူတွေဝိုင်းအုံကြည့်နေတာနဲ့ ကျွန်တော်လဲ ရောက်သွားပါသေးတယ်။ အလယ်မှာ အသည်းပုံ ပုံကြမ်းဖော်ထားတာကလွဲလို့ ဘာပုံထွက်လာမယ်မှန်း မသိနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဖြည်းဖြည်းချင်း ဆွေမျိုးတွေ စုံလာချိန်မှာတော့ လက်ဖွဲ့လက်ခံတဲ့ ကောင်တာတစ်ခု ဝင်ပေါက်နားမှာ ချပါတယ်၊ ကော်ဇောနီခင်းထားတဲ့ လျှောက်လမ်းနဘေးမှာတော့ ခုနက ထွင်းနေတဲ့ ရေခဲပန်းပုကို နေရာတကျ ချထားအပြီးမှာတော့ ….

ညပွဲကတော့ ကျွန်တော်တို့ မြင်ဖူးနေကျ ညစာဧည့်ခံပွဲ ပုံစံပါဘဲ။ သတို့သား သတို့သမီးက အနောက်တိုင်း မင်္ဂလာပွဲတက်ဝတ်စုံနဲ့ပါ။ မနက်က ချွေးတစ်လုံးလုံးနဲ့ လုံးပန်းခဲ့ကြတဲ့ ဆွေမျိုးတွေဟာ ညကျတော့ ဝတ်စုံပြည့်နဲ့ တချို့ကိုဆို မှတ်တောင် မမှတ်မိပါဘူး။ သို့သော် အမှတ်သညာကောင်းတဲ့ မိန်းခလေးများကတော့ ဒီလူဟာ မနက်တုန်းက ဘာဝတ်စုံဝတ်ပြီးတော့ ဘယ်လိုနေခဲ့တာ၊ ခုတော့ ဘယ်လိုပြောင်းလဲသွားလိုက်တာနဲ့ ပြောသံများကြားလို့သာ ကျွန်တော်လဲ မှတ်မိနိုင်တာပါ။ မနက်ပိုင်းက စိုစိုပြေပြေဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့ အဖွဲ့ကတော့ ချွေးတလုံးလုံးနဲ့ပေါ့ဗျာ။

လူတွေစထိုင်ပြီဆိုတာနဲ့ ငါးမုန့်ကျော်တစ်ပွဲ အဆာပြေစားနေလို့ရအောင် ဝိုင်းတိုင်းမှာလာချပါတယ်၊ အအေးတည်တဲ့လူကလဲ မနက်ကပုံစံပါဘဲ တစ်ခွက်ကုန်တာနဲ့ နောက်တစ်ခွက် မေးမနေတော့ဘဲ လိုက်လိုက်ချတော့တာပါဘဲ။ ၇ခွက် ၈ခွက်လောက် သောက်ပြီးသွားတဲ့ အခါမှာတော့ လာမချတော့အောင် ခွက်ကို လုံးဝမသောက်ထဲ ထားလိုက်ရတဲ့ အထိပါဘဲ။ ကျွန်တော်တို့ စင်ကာပူကဧည့်သည်များ ဝိုင်းကလွဲလို့ ကျန်တဲ့ ဆွေမျိုးများနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်များ ဝိုင်းတွေမှာတော့ ဝီစကီပုလင်းတွေ တိုက်ကြပါတယ်။ ညပွဲမှာတော့ ဧည့်သည် တချို့လာတာ တွေ့ရပါတယ်။ လူတော်တော်စုံပြီဆိုတာနဲ့ သတို့သား သတို့သမီး ခမ်းမထဲကို ထွက်လာပါတယ်။ ထုံးစံအတိုင်း အင်္ဂလိပ် မင်္ဂလာလမ်းထွက်သီချင်းနဲ့ပေါ့။

သတို့သား သတို့သမီး စင်ပေါ်ရောက်တာနဲ့ အောက်မှာလဲ စားစရာတွေ တစ်မျိုးပြီးတစ်မျိုး လာချပေးပါပြီ။ ငါးမန်းတောင်ဟင်းချိုတစ်ပွဲ၊ ပေါက်စီ ကော်ပြန့် တစ်ပွဲ၊ ပုစွန်ကြော်တစ်ပွဲ၊ ဘဲပေါင်းတစ်ပွဲ၊ တုန်ယန်းဟင်းရည်တစ်ပွဲ၊ ထမင်းကြော်တစ်ပွဲ စုစုပေါင်း၆မျိုးပါ။ စင်ပေါ်ကြည့်လိုက် သီချင်းနားထောင်လိုက် စားစရာတွေစားလိုက်နဲ့ သတိလစ်ပြီး လာလာချတဲ့ အအေးတွေနင်းကန်သောက်မိတာရယ် နေ့လည်ကပင်ပန်းထားတာရယ်နဲ့ ဘဲပေါင်းအရောက်မှာ အားလုံးလက်နှေးကုန်ပါပြီ။

စင်ပေါ်မှာတော့ အမျိုးသား အဆိုတော်တစ်ယောက်၊ အမျိုးသမီးအဆိုတော်တစ်ယောက် တစ်လှည့်စီ သီချင်းဆိုကြပါတယ်။ အမျိုးသား အဆိုတော်တစ်ယောက်ဟာ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်မတန်နာမည်ကြီးတဲ့ ထုံချိုင်းလို့ထင်တာဘဲခင်ဗျ။ မဟုတ်ရင်လဲ မှားတာပေါ့ခင်ဗျာ။ သို့သော်သူတို့ဟာ ထိုင်းသီချင်းတွေမဆိုကြဘဲနဲ့ အမျိုးသားအဆိုတော်က အင်္ဂလိပ်သီချင်းဆိုပြီး၊ အမျိုးသမီးကတော့ တရုတ်သီချင်းတလှည့် ကိုးရီးယားသီချင်းတစ်လှည့်နဲ့ အပြီအပြင်ဆိုကြတော့တာပါဘဲ။

အပေါ်ကလူ ထုံချိုင်းမဟုတ်ကြောင်း သက်သေထူပါတယ်။ ဒီအောက်က ပုံကမှ ထုံချိုင်းအစစ်ပါ။ (ဟှုး မလွယ်ပါလား)

(Photo Source:http://blog.tourismthailand.org)

ဆက်ပါဦးမယ်….


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 23 comments | Add to del.icio.us | Share on Facebook
Post tags: ,

Blog on mobile Edition

$
0
0

စာမရေးတာလဲ ကြာသွားတော့ ရေးရမှာလဲ လက်မသွက်တာနဲ့ ကြာသွားလိုက်တာဟာ အခုတော့ပြန်ပြီး သွေးပူလေ့ကျင့်ခန်း ပြန်လုပ်လိုက်ပါဦးမယ်။ မိတ်ဆွေများကလဲ ယိုးဒယားက ပြန်မရောက်သေးဘူးလားနဲ့ ပြောနေကြပေမယ့်လဲ ကိုယ့်ဘလော့တောင် ကိုယ်သွားမလည်ဖြစ်တဲ့ ရက်တွေတောင်ရှိပါတယ်။ တကယ်တော့ ဘလော့လောကဆိုတာ သိုင်းလောကထက် ရက်စက်ပါတယ်။ စာမရေးဘူးလား ဟင့်အင်း လာမလည်ဘူးဆိုတဲ့ အမျိုးပါ။ တချို့များဆို Follow လုပ်ထားတာပါ ဖျက်ပြစ်ပါတယ်။ အနားယူတာလဲ ရက်ကြာသွားပြီဆိုတော့ ပြန်စဦးမှပါဆိုပြီး စိတ်ကူးနေတာ ကြာနေပါပြီ။ အနဲဆုံးတော့ ရေခဲတုံးချည်းမြင်နေရတဲ့ အဖြစ်ကနေ ပြောင်းလဲသွားနိုင်အောင်ပေါ့။

စစခြင်း ပေါ့ပေါ့ပါးပါး ကြော်ငြာပို့စ်ကလေးနဲ့ စလိုက်ပါ့မယ်။ ရုံးမှာလုပ်နေတဲ့ စနစ်တွေကို iPhone App အဖြစ် ထပ်ဆောင်းလုပ်ကြမယ်လို့ စကားဦးသမ်းလာတဲ့နေ့ကပေါ့၊ လိုလိုမယ်မယ်ဆိုပြီး အင်တာနက်မှာ လျှောက်ရှာရာကနေ wordpress မှာ mobile edition ရတယ်ဆိုတာနဲ့ ပြစ်ထားတာ ကြာပြီဖြစ်တဲ့ ကိုယ့်ဘလော့မှာ စမ်းကြည့်ဦးမှပါဆိုပြီး စမ်းသပ်ဖြစ်ပါတယ်။

တကယ်တော့ plugin လေးတစ်ခုပါဘဲ။ WordPress Mobile Edition ဆိုတာလေးကို သွင်းထားလိုက်ရုံပါဘဲ။ ကိုယ့်ဘလော့ကို Internet Browser ကနေ ရောက်လာရင် ပုံမှန်မြင်နေကြ ပုံစံအတိုင်းမြင်ရပြီးတော့ Mobile devices တစ်ခုခု (ဥပမာ၊ ၊ iPhone, iPodTouch) ကနေ အလည်ရောက်လာမယ်ဆိုရင်တော့ အခုလိုမြင်ရတဲ့ အတိုင်း Mobile Edition ကို မြင်ရမှာပါ။ အဲဒီ Plugin ထဲမှာလဲ ကိုယ့်ဘာသာ Configuration ထပ်လုပ်လို့ ရပါသေးတယ်။ ဥပမာ အသုံးပြုလာမယ့် Mobile Device Model များ၊ Mobile Browser Versions များကို ထပ်မံဖြည့်စွက်ပေးလို့ ရပါသေးတယ်။

ဗမာလိုမြင်ရဖို့ကတော့ ထုံးစံအတိုင်း iPhone ဆိုရင်လဲ မြန်မာစာ သုံးလို့ရမှ (JailBreak လုပ်ထားပြီး ဗမာစာလုံးသွင်းထားမှ) စာလုံးတွေ မြင်ရမှာပါ။ ကိုယ့်ဘာသာ စမ်းသပ်ပြီးတော့ မိုဘိုင်းပေါ်တော့ရပြီ မင်းက စာရောဆက်ရေးဦးမှာမို့လားလို့တောင် မေးဖြစ်ပါသေးတယ်။ သို့သော်လည်းတဲ့ပေါ့လေ အမာခံ ပရိတ်သိတ်ကြီးကတော့ ဆက်လက်အားပေးနေဦးမှာပါဘဲလို့ အားတင်းရင်း အရာရာ မိုဘိုင်းလ်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်ဒီဘီလဲ မိုဘိုင်းလ်ပေါ် ရောက်သွားပါပြီ။

မိုဘိုင်းလ် ဗားရှင်းဆိုပေမယ့်လဲ လိပ်စာကို မပြောင်းထားပါဘူး။ ပုံမှန်လိပ်စာ mrdba.info ဆိုတာနဲ့ ဘယ်မိုဘိုင်းလ်နဲ့သုံးသလဲ ဆိုတဲ့အပေါ်မူတည်ပြီး ပြတဲ့ပုံစံပြောင်းသွားမှာ ဖြစ်ပါတယ်။ အခုနမူနာပြထားတဲ့ ပုံတွေကတော့ iPod Touch နဲ့ စမ်းသပ်ထားတဲ့ ပုံတွေဖြစ်ပါတယ်။

ဒါနဲ့ ဆက်စဉ်းစားဖြစ်တာက အခုပို့စ်ကိုရေးတော့မယ်ဆိုတော့ တချို့တွေက Blogger (blogspot) ပေါ်မှာ ဘလော့ရေးကြတာဆိုတော့ သူတို့အတွက်များ ရှိနိုင်မလားဆိုပြီး ရှာကြည့်ပါတယ်။ ရှာဖွေတွေ့သလောက်တော့ Template ပြောင်းလိုက်ရင်တော့ မိုဘိုင်းလ် ပေါ်မှာ ကြည့်လို့ရမယ့် ဒီဇိုင်းတွေ ရှိပေမယ့် WordPress လိုတော့ နှစ်မျိုးတွဲကြည့်လို့ရတာ မတွေ့ပါဘူး။ (နှစ်မျိုးဆိုတာ ပုံမှန် Browser ပေါ်မှာပေါ်တဲ့ ဒီဇိုင်းနဲ့ Mobile Browser မှာပေါ်တဲ့ ဒီဇိုင်းကို ဆိုလိုတာပါ။) iBlock Template ဆိုတာလေးတစ်ခုတော့ ရှာတွေ့လို့ စမ်းသပ်ကြည့်ဖြစ်ပါသေးတယ်။ 

စာမရေးတာ ကြာသွားတဲ့မိတ်ဆွေများ အပျင်းလဲပြေ ခေတ်လဲမှီ ဖြစ်ချင်ရင်တော့ ကျွန်တော့်လိုဘဲ လျောက်စမ်းသပ်ကြပါဦီးလို့ အတင်းတိုက်တွန်းလိုပါတယ်။

ခုရက်ပိုင်းမှာ ရုံးကမန်နေဂျာ အဒေါ်ကြီး ကလေးတွေကျောင်းပိတ်ရက်မှာ သူ့ကလေးတွေနဲ့ မလေးရှား ခရီးသွားပြီမို့လို့ အခွင့်သာရင်တော့ ရုံးကနေ ဘလော့ပါဦးမယ်။ သြော်ဒါနဲ့ ဒီမိုဘိုင်းလ် ဗားရှင်းလေးကို စမ်းသပ်ဖြစ်တော့ ရုံးမှာလဲ ဖြစ်ပြန်၊ iPod ကလဲပါမသွားတော့ မိတ်ဆွေတွေကိုလှမ်းပြီး သုံးခိုင်းရပါသေးတယ်။ ကူညီပြီး စမ်းသပ်ပေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ရပါကြောင်း ပြောလိုပါတယ်။ iPod မဟုတ်တဲ့ ဗားရှင်းလဲ စမ်းချင်သေးတဲ့ အတွက် တလောကမှ ဖုန်းအသစ်လဲထားတဲ့ မိတ်ဆွေကြီး TZA (နာမည်ပါသွားပဟ ခေတ်မနောက်ကျရအောင် ထည့်ရတာ။) ကိုလဲ စမ်းသပ်ခိုင်းရတဲ့အတွက် အဆွေတော်အားလဲ ကျေးဇူးတင်ပါကြောင်း ထပ်လောင်းပြောကြားရင်းနဲ့ ခဏနားပါဦးမယ်။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 15 comments | Add to del.icio.us | Share on Facebook
Post tags: ,

ထောပါတ်သီး လက်ဖျော်

$
0
0

ပျ​င​်း​တာများ​လာ​ေ​တာ့ ဖျ​င​်း​လာ​တ​ယ​်။ မေ​ရး​တာ​ြ​ကာ​လာ​ေ​တာ့ ေ​ရး​ဖို​့​မ​သွက်ဘူး​ြ​ဖ​စ​်ေ​န​တ​ယ​်။ ဒီ​ပိတ်ရက်မှာ အမ​သ​က​်ေ​ဝ တဂ်ထား​တာ​ေ​လး ေ​ရး​ရ​ဦး​မယ်ဆို​ေ​တာ့ လ​က​်ေ​သွး​ရ​င​်း ကေ​န​့​ညေ​န​ဖ​က​် လုပ်စား​ြ​ဖစ်တဲ့ ေ​ထာ​ပတ်သီး လ​က​်ဖျော​်ေ​လး ကို​တင်ဖို​့ စိတ်ကူး​ရ​သွား​ပါ​တ​ယ​်။ စင်ကာ​ပူ​မှာ​က ြ​မန်မာ​ြ​ပည်မှာ​လို ေ​ထာ​ပတ်သီး​ဖျော​်​ရ​ည​် လု​ပ​်ေ​ရာ​င​်း​တာ မေ​တွ​့​မိ​ဘူး။ ေ​နာ​က​်ြ​ပီး ေ​ထာ​ပတ်သီး​ေ​တွ ေ​တွ​့ေ​တာ့​လဲ အလုံး​ခ​ပ​်ေ​သး​ေ​သး​ဆို​ေ​တာ့ စား​ေ​ကာ​င​်း​မယ်လဲ မ​ထင်လို​့ တစ်ခါ​မှ မ​စား​ြ​က​ည​့်​မိ​ဘူး။ အေ​ြ​ကာ​င​်း​တိုက်ဆိုင်သွား​ေ​တာ့ တေ​န​့​က ဘုရား​တင်မယ်လို​့ စိတ်ကူး​ရြ​ပီး ေ​ထာ​ပတ်သီး သုံး​လုံး​ဝယ်လာ​လိုက်တ​ယ​်။

ဘုရားနှစ်ရက်တင်ပြီးေ​တာ့ အသီး​ကို လက်နဲ​့ သွား​ကို​င​်​ြ​က​ည​့်ြ​ပီး ဆွ​မ​်းေ​တာ​်​စွ​န​်​့​ကာ ဆန်ပုံး​ထဲ တစ်ရက်ထ​ည​့်​ထား​လို​က​်ေ​သး​တ​ယ​်။ ကေ​န​့​ညေ​န ရုံး​ကြ​ပ​န​်ေ​ရာက်တာ​နဲ​့ ဖျော​်​ရည်လုပ်ဖို​့ စို​င​်းြ​ပ​င​်း​ပါ​ေ​တာ့​တ​ယ​်။ ေ​ထာ​ပတ်သီး​ကို အလယ်ပို​င​်း​ကေ​န ဓါး​နဲ​့​ရစ်လှီး​လို​က​်ြ​ပီး ထက်ချ​မ​်းြ​ဖ​စ​်ေ​အာင်လု​ပ​် အသား​ေ​တွ ပ​န​်း​ကန်တစ်လုံး​ထဲ ြ​ခစ်ချ​လိုက်ပါ​တ​ယ​်။

က​ျွ​န​်ေ​တာ​်​ကေ​တာ့ နို​့​ဆီ​နဲ​နဲ သ​ြ​ကား​နဲ⁠နဲ​ထ​ည​့်ြ​ပီး အဆိ​မ​့်​အရသာ​ဖျော​်​ရ​တာ ြ​ကိ​ုက်ပါ​တ​ယ​်။ ဆိုင်မှာ​ဆို​ရ​င​်ေ​တာ့ စက်နဲ​့ဖျော​်​ရ​င​် အရ​ည​်ြ​ဖစ်ကုန်လို​့ က​ျွ​န​်ေ​တာ​်​က လ​က​်ဖျော​်​ကို ပို​ြ​ကိ​ုက်ပါ​တ​ယ​်။

ေ​ထာ​ပတ်သီး လ​က​်ဖျော​်​မှာ​ေ​တာ့ မေ​ြ​က​တေ​ြ​ကြ​ဖ​စ​်ေ​န​တဲ့ ေ​ထာ​ပတ်သီး အဖ​တ​်ေ​လး​ေ​တွ ဝါး​ရ​တာ​ကို နှစ်သက်လို​့​ပါ။ အဆိ​မ​့်​စားချင်ရ​င​် ေ​တာ​်ေ​တာ​်ေ​လး မှ​ည​့်​တဲ့​အထိ​ေ​စာ​င​့်​ရ​ပါ​တ​ယ​်။ ဒါ​ေ​ြ​ကာ​င​့် ဆန်ပုံး​ထဲ တစ်ရက်ထ​ည​့်​လိုက်တာ​ပါ။ ခပ်ဆတ်ဆတ်အ​ရ​သာမျိ​ုး​လိုချင်ရ​င​်ေ​တာ့ သ​ပ​်ပျော့​ေ​အာ​င​် ေ​စာ​င​့်​စရာ​မ​လို​ဘဲ စား​နိုင်ပါ​တ​ယ​်။ အဲ​ဒါ​ဆို​ရ​င​်ေ​တာ့ ပ​န​်း​ကန်ထဲ​မှာ ခေ​လာက်တဲ့ အချိန်မှာ လ​က​်ေ​ညာ​င​်း​တာ​ေ​ပါ့ဗျာ။ ဒါ​ေ​ပ​မ​ယ​့်​လဲ ဆ​တ​်ေ​တာ​က​်ေ​တာ​က​် အရသာ​ေ​လး​က​လဲ တစ်မျိ​ုးေ​ကာ​င​်းြ​ပန်တာ​ပါ​ဘဲ။

အား​လုံး သ​မေ​အာ​င​် ေ​မွှ​နှော​က​် ခေ​လာ​က​်ြ​ပီး​တဲ့ အခါ​မှာ​ေ​တာ့ ယခု​လို အင်မ​တန်စား​ေ​ကာ​င​်း​တဲ့ ေ​ထာ​ပတ်သီး လ​က​်ဖျော​်​တစ်ခွ​က​် ရ​လာ​ပါ​ေ​တာ့​တ​ယ​်။ ေ​ထာ​ပတ်သီး​ကို ယခု​လို အချိ​ု​အေ​န​နဲ​့​မ​ဟုတ်ဘဲ အသီး​အရွက်သုတ်စား​သ​လို စား​လို​့​လဲ ရေ​သး​ေ​ြ​ကာ​င​်း ေြ​ပာ​ြ​ပ​ြ​က​သြ​ဖ​င​့် မှတ်သား​ရ​ဘူး​ပါ​တ​ယ​်။ ေ​နာက်များ​မှ သုတ်စား​ြ​က​ည​့်​ပါ​ဦး​မ​ယ​်။

ဆေးဖက်ဝင် ထော​ပတ်သီး​အေ​ြ​ကာ​င​်း​ကို ဒီ​မှာ သွား​ဖ​တ​်​ြ​က​ည​့်နိုင်ပါ​တ​ယ​်။


ကျွန်တော့ ဘလော့က ပို့စ်တွေကို Subscribe လုပ်ပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘလော့မှာ တခြားဖတ်ကောင်းမယ့် ဘလော့အညွှန်းလေးတွေလဲ ထည့်ပေးထားတာမို့ MrDBA Blog. ကိုလာလည်ရင်း တခြားကောင်းနိုးရာရာလေးများကိုလည်း ဖတ်သွားနိုင်ပါတယ်။ အချိန်ပိုလေးများရရင် ဘလော့ကို လာလည်ပါဦးလို့ ဖတ်ခေါ်ပါရစေ။

စာဖတ်သူမိတ်ဆွေအနေနဲ့ အထက်ပါ ပို့စ်ကို မှန်မှန်ကန်ကန်မမြင်ရဘူးဆိုလျှင် မိတ်ဆွေစက်ထဲမှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု မရှိ၍ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအနေဖြင့် ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုခု (Myanmar3, Yunghkio, Parabike) ကို မိမိစက်ထဲ သွင်းမထားနိုင်ပါလျှင် ဘလော့ပို့စ် ခေါင်းစဉ်ကို နှိပ်ပြီး ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ခြင်းဖြင့် ကျွန်တော့်စာများကို ဖတ်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့စက်မှာ ယူနီကုတ်စံ လိုက်နာထားသော ဖောင့်တစ်ခုမှ မရှိသော်လည်း ဖတ်၍ရနိုင်အောင် ကြိုးစားထားပါတယ်။


© mrdba for MrDBA Blog., 2010. | Permalink | 10 comments | Add to del.icio.us | Share on Facebook
Post tags: ,
